ပန်းတနော်မှာ MRTVနဲ့ MWD ရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ အသံချဲ့စက်နဲ့လိုက်လံကြေညာ

ဇူလိုင် ၂၄-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်မှာ ဒေသခံပြည်သူတွေအနေနဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သကြား MRTV နဲ့ မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းတွေကိုသာ ကြည့်ရှု့ဖို့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အစိုးရရဲ့လုပ်ဆောင်ချက်တွေသာ အဓိကကြေညာပေးနေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သကြား MRTV နဲ့ မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်တွေကိုသာကြည့်ရှု့ကြဖို့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ဇူလိုင်ဒုတိယအပတ်ကနေ စတင်ပြီး ဒီကနေ့အထိအသံချဲ့စက်တွေကိုအသုံးပြုကာ လိုက်လံကြေညာနေတယ်လို့သိရပါတယ်။

”မြဝတီနဲ့ မြန်မာ့ရုပ်မြင်သံကြားရုပ်သံတွေကိုသာကြည့်ဖို့ တခြားရုပ်လိုင်းတွေကိုမကြည့်ဖို့ အသံချဲ့စက်နဲ့လိုက် ကြေညာနေတာ၊အဲ့ဒီရုပ်သံလိုင်းတွေက တိကျ မှန်ကန်တဲ့သတင်းတွေကို ထုတ်ပြန်ပေးတယ်၊ဒါ့ကြောင့် ဒီရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ကြေညာသွားတာ။”လို့ ပန်းတနော်မြို့ခံတဦးကပြောပါတယ်။

မြန်မာ့ရုပ်မြင်သံကြား MRTVနဲ့ မြဝတီရုပ်သံကြား MWD ရုပ်သံလိုင်းတွေကိုကြည့်ကြဖို့ အဲ့ဒီရုပ်သံလိုင်းတွေကိုမကြည့်ဘဲ အခြားရုပ်သံလိုင်းတွေ ကြည့်တာကို လာစစ်တဲ့အခါတွေ့ရှိရင် ထိရောက်စွာအရေးယူမယ်လို့ အသံချဲ့စက်နဲ့ ထည့်သွင်းကြေညာသွားတာဖြစ်တယ်လို့ သိရပါတယ်။

”ကျွန်မတို့က MRTV လည်း မကြည့်ဘူး MWD လည်း မကြည့်ဘူးMRTV-4 ဘဲကြည့်တယ်၊ MRTV-4က ရုပ်သံဇာတ်တွဲတွေကိုကြည့်တာလေ၊ MRTV-4ကိုကြည့်လို့ဖမ်းမယ် အရေးယူမယ်ဆိုလည်း မတတ်နိုင်ဘူး လာဖမ်းတဲ့အခါ MRTV-4ကိုလည်း ဖမ်းဖို့ပြောမယ်၊ကျွန်မတို့ပြည်သူတွေချည်းပဲဖမ်းမယ် အရေးယူမယ် မလုပ်ပါနဲ့ ၊ ဥပမာအနေနဲ့တရားဝင်မုန့်တမျိုးကိုဖမ်းမယ်ဆို တရားမဝင်မုန့်ထုတ်တဲ့ ပင်မကြီးကိုဖမ်းပါ ဒါဆိုကိစ္စကပြီးပါပြီး၊အခုက မဟုတ်ဘူး ဆိုင်ခွဲတွေရောက်မှ တရားမဝင်ဆိုပြီးလိုက်ဖမ်းနေကြတာပါ၊အခုလည်း အခြားရုပ်သံလိုင်းတွေကို မကြည့်စေချင်ရင် ထုတ်လွှင့်သူတွေစက်ပစ္စည်းရောင်းချသူတွေကိုဖမ်းပါလို့ အကြံပြုချင်တယ်။”လို့ ဒေသခံတဦးကပြောပါတယ်။

ပန်းတနော်မြို့နယ်က ဒေသခံတွေဟာမိမိတို့ ငွေကြေးကုန်ကျခံနိုင်မှုနဲ့ ကုန်ကျစရိတ်သက်သာတဲ့ စလောင်းတွေကို ဝယ်ယူပြီး ဒေသမှာအလွယ်တူ ဖမ်းယူကြည့်ရှု့လို့ရတဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေအများစုပါဝင်တဲ့ MRTV-4 ရုပ်သံလိုင်း၊ Mizzima ရုပ်သံလိုင်း၊ DVB ၊ CANAL+၊ Channel7၊ Fortune ၊ChannelK စတဲ့ ရုပ်သံလိုင်းတွေကိုအများဆုံးကြည့်ရှု့ကြတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပန်းတနော်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနောပိုင်းမှာ တရားမဝင်ရုပ်သံဖမ်းစက်ဆိုပြီး PSI စလောင်းတွေကို ဖြုတ်သိမ်းတာတွေလုပ်ခဲ့ပြီး လူတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာ ရှိခဲ့သေးတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပန်းတနော် #MRTVနဲ့MWDရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ #အသံချဲ့စက်နဲ့လိုက်ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW