ထားဝယ်မြို့မရဲစခန်းမှူးကို လူမှောင်ခိုမှုနဲ့ ဖမ်းဆီးစစ်ဆေးနေ

ဇူလိုင် ၊ ၂၄ ၊ ၂၀၂၂
SP(VOM)

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့ ၊ ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူး ၁ ဦးကို လူမှောင်ခိုမှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုကာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

“လူမှောင်ခိုမှုနဲ့ ပတ်သက်နေလို့ ဖမ်းခံရတဲ့ သူက ဒုရဲမှူး စိုးနိုင်ဖြစ်တယ် ၊ သူက ထားဝယ် နယ်ထိန်းလုပ်ဖူးတယ် ၊ မောင်းမကန် နယ်မြေစခန်းမှူး လုပ်ဖူးတယ် ၊ အနေကြာနဲ့ တနင်္သာရီတိုင်းက ပြောင်းသွားပြီး ၊ အခု ရာထူးတိုးနဲ့ နောက်တကြိမ် ပြောင်းဝင်လာတာဖြစ်တယ် ၊ လူမှောင်ခိုမှုနဲ့ ဖမ်းဆီး စစ်ဆေးနေတာ”လို့ ထားဝယ်ခရိုင်ရဲရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ထားဝယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တယောက်က ” ဗိုလ်ကြီး စိုးနိုင် အဖမ်းခံရပြီး စစ်ဆေးနေတာလို့ ကြားရတယ် ၊ အဂတိမှုလို့လည်း ပြောကြတယ် ၊ လူမှောင်ခို ကိစ္စလို့လည်း ပြောကြတယ် “လို့ ပြောပါတယ်။

အခုလ ၂၀ ရက်ဝန်းကျင်က ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးနိုင် ကို အထက်ရုံးက ဖမ်းဆီးမိန့်နဲ့ ဖမ်းဆီးပြီး စစ်ဆေးနေတယ်ဆိုတာ သိရပေမယ့် ဘာပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ ရဲအသိုင်းအဝိုင်းက မသိရဘူးလို့ ပြောပါတယ်။

နစက တက်လာပြီးနောက်ပိုင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှာ လူမှောင်ခိုမှုတွေ ၊ အဂတိမှုတွေနဲ့ ပတ်သက်ပြီး အရေးယူခံရတဲ့ အခုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ထား၀ယ် #မြို့မရဲစခန်းမှူးဖမ်းဆီးစစ်ဆေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW