ဓားပြတိုက်လာတဲ့ကားက ဓာတ်တိုင်ဝင်တိုက်မိပြီး တိမ်းမှောက်ရာကနေ ဓားပြဗိုလ် အဖမ်းခံရ

ဇူလိုင်၂၄-၂၀၂၂
SP(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့ မှာ မနေ့ ဇူလိုင် ၂၃ ရက်ည ၁၁ နာရီဝန်းကျင်က ဓားပြတိုက်လာတဲ့ကားက လမ်းဘေးဓာတ်တိုင်ဝင်တိုက်မိပြီး ကားပေါ်ပါလာတဲ့ ဓားပြဗိုလ်ဖြစ်သူကို ဌာနေပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မူဆယ်မြို့ခံတွေဆီက သိရပါတယ်။

” ဓာတ်တိုင်တိုက်မိပြီး တိမ်းမှောက်သွားတဲ့ကားက မူဆယ် မြောက်ရပ်ကွက် ၊ တာမိုးညဲစျေးနားက အိမ်တခုကနေ ဓားပြတိုက်လုယူလာတဲ့ကားဖြစ်တယ် ၊ ကားပေါ်ကနေ ဓားပြဗိုလ်ကို ဖမ်းမိတာ ” လို့ မူဆယ်မြိုခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီးမူဆယ်ခရိုင်ရဲရုံးနဲ့ နီးစပ်သူတယောက်က ” လှည့်ကင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးရေး လုပ်နေတာ ၊ အဲ့ဒီကားက ဖြတ်မောင်းလာတော့ ရပ်ခိုင်းတာကို မရပ်ဘဲ ကားပေါ်ကနေ သေနတ်နဲ့ ၁၀ ချက်လောက်ပစ်ပြီး မောင်းပြေးတာ ၊ နောက်ကလိုက်တော့ အဲ့ဒီ ကားက ဓာတ်တိုင်တိုက်မိပြီး မှောက်သွားတာပါ ၊ ကားပေါ်မှာ လူ ၂ ယောက်ပါတယ် ၊ ၁ ယောက်က သေနတ်ယူပြီး ထွက်ပြေးသွားတယ် ၊ ကျန်တယောက်က မူဆယ်နယ်မှာ တိုက်သမျှ ဓားပြတွေရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်လို့ သိရတယ် သူနာမည်က ဟန်တီ “လို့ ပြောပါတယ် ။

ဒါ့အပြင် အခုလ ၂၁ ရက်နေ့ ညကလည်း မူဆယ်မြို့ ၊ မြို့ပတ်လမ်း ၊ အော်တိုဘရားသား ကားဝပ်ရှော့နားမှာ ဓားပြတိုက်လုယူခံရတဲ့ ကားနောက်ကို ကားပိုင်ရှင်ဖြစ်သူက ကား ၁ စီးနဲ့ လိုက်တဲ့အခါ ဓားပြဖြစ်သူက သေနတ်နဲ့ပြန်ပစ်တဲ့အတွက် ကားပေါ်ပါ လူ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

Photo-မူဆယ်ဒေသခံ တစ်ဦး
#VOM #voiceofmyanmar #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW