ဂျပန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု စတင်တွေ့ရှိ ၊ ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှာ ကူးစက်မှု ၁၆၀၀၀ ကျော်ထိ မြင့်တက်လာ

တိုကျို၊ ဇူလိုင်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံ တိုကျိုမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

မကြာသေးမီက ပြည်ပကိုသွားရောက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းရှိသူ အသက် ၃၀ အရွယ်တိုကျိုဒေသခံတဦးမှာ မျောက်ကျောက်ရောဂါကူးစက်နေတာကို ဇူလိုင် ၂၅ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလူနာဟာ လက်ရှိမှာ ကျန်းမာရေးအခြေအနေတည်ငြိမ်နေပြီး ကူးစက်မှုလမ်းကြောင်းနဲ့ အနီးကပ်ထိတွေ့သူတွေ ရှိမရှိ စိစစ်လျှက်ရှိပါတယ်။

ဒါ့ပြင် အိန္ဒိယနိုင်ငံမှာလည်း လေးဦးမြောက် မျောက်ကျောက်ရောဂါကူးစက်ခံရသူကို မြို့တော်ဒေလီမှာ တွေ့ရှိခဲ့ပြီး သူဟာပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းမရှိပါဘူး။

အိန္ဒိယနိုင်ငံမှာ ပထမဆုံးမျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ တွေ့ရှိခဲ့ပြီး လူနာတွေဟာ ပင်လယ်ကွေ့ဒေသရှိနိုင်ငံတွေကို မကြာသေးမီက သွားရောက်ခဲ့သူတွေဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လွန်ခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှာ ကူးစက်မှုပေါင်း ၁၆၀၀၀ ကျော်ထိရှိနေပါတယ်။

Ref: NHK
Photo: NHK
#voiceofmyanmar #vom #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW