ဆားလင်းကြီး ရေမိန်တောင်ရွာမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်း ထက်မနည်းတွေ့

ဇူလိုင် ၊ ၂၇ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ရေမိန်တောင်ရွာမှာ မနေ့ ဇူလိုင် ၂၆ ရက်က တိုက်ပွဲရှောင်တွေ ရွာကိုပြန်လာတဲ့အခါ ရွာထဲမှာ အသတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၅ လောင်းထက်မနည်းကို တွေ့ခဲ့ရတယ်လို့ ဆားလင်းကြီးနယ်ခံတွေဆီက သိရပါတယ်။

ရေမိန်တောင်ရွာထဲမှာ တွေ့ရတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” အလောင်းတွေက ပုတ်တောင်းထဲက တွေ့ရတာရှိတယ် ၊ မိုးကာစအုပ်ထားတာတွေလည်း တွေ့ရတယ် ၊ နောက်ပြီး အဆောက်အဦပျက်တွေကြားကလည်း တွေ့ရတယ် ၊ ဦးချစ်ရွှေ အသက် ၆၀ နှစ်နဲ့ ကိုအောင်မိုး အသက် ၃၀ နှစ်တို့ ၂ ယောက်ဟာ ဦးခေါင်းပိုင်းက လုံးဝ ကြေမွနေတာ “လို့ ပြောပါတယ်။

အခုလ ၂၅ ရက်က ရေမိန်တောင်ရွာ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေဟာ မနေ့က ရွာကို ပြန်လာတဲ့အခါ ရွာထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၅ လောင်းထက်မနည်းကို တွေ့ရတာ ဖြစ်တယ်လို့ အဲ့ဒီရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ရုပ်အလောင်းတွေဟာ ဘယ်အဖွဲ့အစည်းက သတ်သွားတယ်ဆိုတာက်ုတော့ VOM က အတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ သာဝတ္ထိကျေးရွာနဲ့ ကျီစုကျေးရွာဘက်တွေမှာလည်း အလားတူ ရုပ်အလောင်း ၂၀ ဝန်းကျင်တွေ့ရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW