အဏုမြူဗုံးထုတ်လုပ်ဖို့ နည်းပညာရှိထားကြောင်း အီရန်ပြော

တီဟီရန်၊ သြဂုတ်-၁-၂၀၂၂
မျိုးဆက်(VOM)

အီရန်အနေဖြင့် အဏုမြူဗုံးထုတ်လုပ်ဖို့ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်ရှိပေမယ့် ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ Mohammad Eslami က သြဂုတ် ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲရဲ့ ပြောဆိုမှုဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက်အပေါ် စိတ်၀င်စားမှုရှိတယ်ဆိုတဲ့သဘောကို ပြသတဲ့ ရှားရှားပါးပါးပြောဆိုမှုလည်းဖြစ်ပြီး ဒီကိစ္စကိုတော့ အီရန်က ကာလအတန်ကြာ ငြင်းဆိုထားပါတယ်။

အီရန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားစာချုပ်ပါ ကန့်သတ်ချက်ဖြစ်တဲ့ ယူရေနီယံသန့်စင်မှုအဆင့် ၃ ဒသမ ၆ ရာခိုင်နှုန်းထက်ကျော်လွန်ကာ ၆၀ ရာခိုင်နှုန်းထိ သန့်စင်နေပါတယ်။

ယူရေနီယံသန့်စင်မှု ၉၀ ရာခိုင်နှုန်းရှိရင်တော့ အဏုမြူဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။

အီရန်ဟာ နျူကလီးယားသဘောတူစာချုပ်ပါ ကန့်သတ်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်သမ္မတဟာ ၂၀၁၈ ခုနှစ်မှာ စာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။

အဲဒီစာချုပ်ပြန်လည်သက်၀င်ရေးနဲ့ပတ်သက်ပြီး အီးယူကကမကထပြုကာ အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် သဘောထားကွဲလွဲမှုတွေရှိနေဆဲဖြစ်ပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW