မူဆယ်မြို့နယ်မှာ နှစ်ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့် ၁ ဦးသေ၊ ၉ဦးဒဏ်ရာရ

သြဂုတ် ၂၊၂၀၂၂
KK(VOM)

မူဆယ်မြို့နယ်မှာ နှစ်ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် ၁ ဦးသေဆုံးကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မူဆယ်မြို့နယ်၊ အမှတ် ၁ ဈေးမီးပွိုင့်မှာ ကားနဲ့လာတဲ့ပြည်သူ့စစ်နှစ်ဦးဟာ ကားကိုခေတ္တရပ်နေချိန် ဆိုင်ကယ်စီးလာသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ ကျည်တော့မှန်သွားတယ် စိုးရိမ်ရတာတော့ မရှိဘူး၊ အခုမူဆယ်ဆေးရုံမှာဆေးကုသမှုခံနေတယ်”လို့ ပြောပါတယ်။

မနေ့ သြဂုတ် ၁ရက် ည ၉ နာရီကလည်း မူဆယ်မြို့ပေါ်ရဲစခန်းနဲ့ ဟိုမွန်ရပ်ကွက် ၊စွမ်စော်ရပ်ကွက် ကောင်းမှုတုံရပ်ကွက်မှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် ရဲ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရဲစခန်းပစ်ခတ်ခံရတာရှိတယ် ကျန်တာတွေက ဗုံးပေါက်တာ၊ ပစ်ခံရလို့ သုံးဦးဒဏ်ရတာရှိတယ် ဗုံးပေါက်တာကထိခိုက်သူမရှိဘူး”လို့ ပြောပါတယ်။

အလားတူ မနေ့ မနက်ပိုင်းကလည်း မူဆယ်မြို့၊ အမှတ်(၁) စည်ပင်ဈေးအနီး ယာဉ်ထိန်းရဲကင်းအနီးမှာ ဗုံးပေါက်ခဲ့လို့ အရပ်သားတဦးသေဆုံးပြီး ယာဥ်ထိန်းရဲတ ဦး၊ပြည်သူ့စစ်၂ဦးနဲ့ အရပ်သားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

လက်တလော မူဆယ်မြို့ပေါ်မှာ စစ်တပ်၊ရဲနဲ့ပြည်သူ့စစ်တွေဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း မူဆယ် အထက ၂ ကျောင်းအနီးက ဖူဆယ်ဘော်လုံးကွင်းနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW