မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှုတွေ ဆက်လုပ်နေရင် ဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍကို ပြန်စဉ်းစားရမယ်လို့ ဟွန်ဆန်ပြော

ဖနွမ်းပင် ၊ သြဂုတ်-၃-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို သေဒဏ်စီရင်မှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင် အာဆီယံရဲ့ အခန်းကဏ္ဍနဲ့ မြန်မာနဲ့ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ပြန်စဉ်းစားရမယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သြဂုတ် ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖနွမ်းပင်မှာကျင်းပတဲ့ ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြာရေး၀န်ကြီးများအစည်းအဝေးမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်သူ ဟွန်ဆန်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ မကြာသေးမီက သေဒဏ်ပေးကွပ်မျက်မှုကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို အဆုံးသတ်ရေးအတွက် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှု ၊ ငြိမ်းချမ်းရေးနဲ့ ြ့ပန်လည်သင့်မြတ်ရေးတို့အတွက် ကမ္ဘောဒီးယားအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေက သေဒဏ်ပေးကွပ်မျက်မှုမလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက ဆက်လက်စီရင်ခဲ့တဲ့အပေါ် အကြီးအကျယ်စိတ်ပျက်မိတယ်လို့ ဟွန်ဆန်က ပြောပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ထပ်ပြီးကွပ်မျက်နေဦးမယ်ဆိုရင် ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍကိုပြန်စဉ်းစားရမယ်လို့ သူကပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာနိုင်ငံဘက်က အကောင်အထည်ဖော်ရာမှာ လူတိုင်းလိုလားတဲ့အတိုင်း တိုးတက်ဖြစ်ထွန်းမှုမရှိဘူးလို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

Ref: Straits Times
Photo: AF
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW