ဟုမ္မလင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ဝင်းစိန် မန္တလေးမှာ ဖမ်းဆီးခံရ

သြဂုတ် ၊ ၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ ဦးဟာ မန္တလေးမှာ ဆေးကုသခံနေချိန် သြဂုတ် ၁ ရက်က ဖမ်းဆီးခံလိုက်ရတယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။

” ဟုမ္မလင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းစိန် အဖမ်းခံရတာပါ ၊ သူက ကျန်းမာရေး မကောင်းလို့ မန္တလေးက ဆေးရုံတခုမှာ ဆေးကုသနေရင်း အဖမ်းခံရတာ “လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ အဖမ်းခံရတယ်ဆိုတဲ့ ကိုကျော်ဝင်းစိန် ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဧပြီလပိုင်းကစပြီး ဟုမ္မလင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းက”ဒီလ ၁ ရက်နေ့က ကျော်ဝင်းစိန် အဖမ်းခံရတယ် ၊ မနေ့ သြဂုတ် ၂ ရက်က လေယာဥ်ခရီးစဥ်နဲ့ မန္တလေးကနေ ဟုမ္မလင်းကို ခေါ်သွားတယ် ၊ ဟုမ္မလင်း ဘယ်မှာ ချုပ်နှောင် စစ်ဆေးနေတယ်တိုတာ မသိရသေးဘူး ၊ ဒီကနေ့အထိတော့ မိသားစုနဲ့ အဆက်သွယ်မရသေးဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ၂၀၂၁ ၊ အောက်တိုဘာကလည်း ကိုကျော်ဝင်းစိန်ရဲ့ ခယ်မဖြစ်သူ ကလေးမိခင် ကျောင်းဆရာမ ၁ ဦးဟာ နေအိမ်ဝရံတာမှာ ကလေးနို့တိုက်နေချိန် သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့အတွက် ကိုကျော်ဝင်းစိန်ရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ ဟုမ္မလင်း နိုင်ငံရေးအသိုင်းအ၀်ိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW