အဆိုတော် အီတိုး ထောင် ၃ နှစ် ချခံရ

ဩဂုတ် ၄-၂၀၂၂
VOM (GG)

ဝါရင့်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော် အီတိုး ကို ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးကနေ ထောင် ၃ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

အီတိုးကို အကြမ်းဖက်မှုတွေမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးကာ ပုဒ်မ ၅၀၅ -ကနဲ့ တရားစွဲဆိုပြီး ၁ နှစ်နီးပါး အကြာမှာ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

” ၃ နှစ် အမိန့်ချလိုက်တယ်လို့တော့ကြားတယ်။ အသေးစိတ်တော့ မသိသေးဘူး။ သူ့ကိုတရားစွဲထားတာကတော့ ရာဇသတ်ကြီးပုဒ်မ ဖြစ်တယ် “လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

အဆိုတော် အီတိုးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းက အိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုတော်အီတိုးနဲ့အတူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးလည်း အကြမ်းဖက်ကိစ္စတွေမှာ ပါဝင်နေတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အဆိုတော်အီတိုး #ထောင်၃နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW