မုံရွာက Mytel ဆက်သွယ်ရေး ကုမ္မဏီရုံး ဖျက်ဆီးခံရ

သြဂုတ် ၊ ၄ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၄ လမ်းမှာရှိတဲ့ Mytel ဆက်သွယ်ရေး ကုမ္မဏီရုံးဟာ မနေ့ သြဂုတ် ၃ ရက် ၊ ညနေပိုင်းက လက်နက်ကိုင်လူတစုရဲ့ ဝင်ရောက်ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်လို့ ဆက်သွယ်ရေးကုမ္မဏီ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီခွဲလောက်မှာ ရတနာပုံရပ်ကွက်ထဲက ရုံးကို ကား ၁ စီး လက်နက်ကိုင် လူတစု ၊ ၇ ယောက်ရှိမယ် ရောက်လာပြီး ဝင်ရောက်ဖျက်ဆီးသွားတာ”လို့ ဆက်သွယ်ရေး ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီMytel ကုမ္မဏီရုံး ဝန်းကျင်မှာနေထိုင်တဲ့ လူတချို့ကဆော့” မနေ့က ညနေပိုင်းမှာ ကားဝင် ကားထွက်တွေတော့ မြင်တယ် ၊ သူတို့ ကုမ္မဏီ အလုပ်ကိစ္စတွေ ဖြစ်မယ်လို့ ထင်ခဲ့တာ ၊ ညပိုင်းရောက်မှ ဓားပြတိုက်သွားတယ်ဆိုတာ သိရတာ”လို့ ပြောပါတယ်။

မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ ” ဓားပြတိုက်ခံရတယ်ဆိုတာ သတင်းအရ သွားရောက်စစ်ဆေးတယ် ၊ ကုမ္မဏီ လုပ်ငန်းသုံး ကွန်ပျူတာ ၄ လုံး ၊ ဖုန်း ၆ လုံး ၊ Wifi စက် အလုံးရေ ၁ ရာကျော် နဲ့ ပိုက်ဆံ (စီစစ်ဆဲ) ပါသွားတယ် ၊ နောက်ပြီး ရုံးသုံးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးထားခဲ့တာ “လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ သစ္စာလမ်း ၊ လမ်းသွယ် ၂ မှာရှိတဲ့ ဖုန်းနဲ့ ဆိုင်ကယ် အရောင်းဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မနက်ပိုင်းက ကား ၁ စီးနဲ့ လူ ၁၀ ယောက် ဝန်းကျင်ရောက်လာပြီး ဖုန်း အလုံး ၁ ရာကျော်နဲ့ ဆိုင်ကယ် ၈ စီး ဓားပြတိုက်သွားတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် မုံရွာမြို့နယ် ၊ ကူတော့ပလ္လင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အိမ်ရှင်လင်မယား ၂ ယောက်ကို ဓားပြတွေက ပစ်သတ်ပြီး နေအိမ်ထဲက ပိုက်ဆံ သိန်း ၄၀ ကျော်ကို လုယက်သွားတာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW