တရုတ်-မြန်မာ ကုန်သွယ်ရာ ကန်ပိုက်တီလမ်းမှာ တိုက်ပွဲဖြစ်လို့ ကုန်ကား‌တွေပိတ်မိနေ

ဩဂုတ် ၅၊ ၂၀၂၂
Shy V(VOM)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ချန်းခရိုင်နဲ့ထိစပ်နေတဲ့ ကချင်ပြည်နယ် တရုတ်-မြန်မာ ကုန်သွယ်ရာ ကန်ပိုက်တီလမ်းမှာ တိုက်ပွဲဖြစ်လို့ ကုန်ကားတွေ ပိတ်မိနေ​တယ်လို့ ကုန်သည်၊ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ပိတ်ထားပါတယ်။ ကျနော်တို့လည်း ဆဒုံးမှာပိတ်မိနေပါတယ်။ ကန်ပိုက်တီလမ်း အင်ဝမ်းကောင်မှာ တိုက်ပွဲဖြစ်‌နေတာကြောင့် အစီး နှစ်ဆယ်၊ သုံးဆယ်ခန့် တိုက်ပွဲဖြစ်တဲ့နေရာ အနီးမှာ သောင်တင်နေကြတာ”လို့ လက်ရှိပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

မနေ့ သြဂုတ် ၄ရက်နေ့ကလည်း အဲဒီကန်ပိုက်တီလမ်းဘက် ၁၉ မိုင်မှာ တိုက်ပွဲဖြစ်သေးတယ်လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။

“၃ ည အိပ် ၄ ရက်ရှိသွားပြီ။ ကျနော်တို့က အခုမှ အပေါ်ကနေ ဆင်းလာတာဗျာ။ တိုက်ပွဲတွေ ဖြစ်နေလို့ ပိတ်မိနေတယ်ဗျာ။ ဒီတိုင်းပဲ ရပ်ထားရတယ်။ပြည်တော်ပြန်တွေတောင် ပြန်လှည့်ခဲ့ကြရတယ်၊ လက်ရှိ အတက်ကားရော အဆင်းကားရော မရှိဘူး”လို့ နောက်ထပ် ယာဉ်မောင်း ၁ ဦး က ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းက စတင်ကာ ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီသွားလမ်း၊ အင်ဝမ်းယန်ရွာအနီး တပ်စခန်းချနေတဲ့ တပ်မတော်နဲ့ ကေအိုင်အေတပ်တို့အကြား တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

တိုက်ပွဲကြောင့် ကန်ပိုင်တည် လမ်းမပေါ် ရှိ အင်ဝမ်းကောင် ဒေသခံ ၁၀၀ ဝန်းကျင် ဩဂုတ်လ ၃ ရက်နေ့ မနက်က ဆဒုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘက်ကို ယာယီထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo – ‌CJ
#voiceofmyanmar #VOM #ကန်ပိုက်တီ #တိုက်ပွဲဖြစ် #ကုန်ကားတွေပိတ်မိနေ

Related posts

Leave a Comment

VOM News

FREE
VIEW