ဗိုလ်တထောင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသား ၄ ဦး ထောင် ၃ နှစ်စီ အမိန့်ချခံရ

ဩဂုတ် ၅-၂၀၂၂
GG(VOM)

ရန်ကုန်က တက္ကသိုလ်ကျောင်းသား ၄ ဦးကို ဖမ်းဆီးပြီး ၅ လအကြာမှာ အင်းစိန်ထောင်တရားရုံးက တ​ယောက်ကို ထောင် ၃ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်ထက်အောင်၊ ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသူဟောင်း မမိုးမဥ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား ကိုစိုင်းမင်းခန့်ကျော်တို့ ဖြစ်ပြီး ပုဒ်မ ၅၀၅-က နဲ့ ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

” ဒီနေ့ အမိန့်ချလိုက်တာ ။ တရားစွဲထားတာ ပုဒ်မ ၅၀၅ ကပေါ့ ။ အပြစ်မရှိကြောင်း ပေါ်ပေမယ့် မတရားအမိန့်ချလိုက်တာလို့ ကျနော်တို့ပြန်ကြားရတယ်။ သူတို့ဖမ်းတုန်းကလည်း ရိုက်နှက်ဖမ်းဆီးခံရတယ်။ နောက်ထပ်သိရတာကတော့ သူတို့၄ယောက်လုံးကို အကြမ်းဖက်ဥပဒေနဲ့ပါထပ်စွဲဖို့လုပ်နေတယ်ကြားတယ်”လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။

တက္ကသိုလ်ကျောင်းသား ၄ ယောက်ကို ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းက နေအိမ်တခုမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မေလမှာ ရုံးထုတ်စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နစက တက်လာပြီး ၁ နှစ်ကျော်ကာလမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အပါအဝင် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဖမ်းဆီးခံရပြီး ထောင်ချခံထားရသူတွေရှိသလို အမှုရင်ဆိုင်နေရဆဲသူတွေလည်းရှိကြောင်း၊ဖမ်းဆီးခံရပြီး အဆက်အသွယ်မရသေးတဲ့ ကျောင်းသားကျောင်းသူတွေလည်းရှိကာ သေဆုံးသူတွေလည်းရှိခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ကြေညာထားချက်အရ သိရပါတယ်။

ကျောင်းသားအချို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပဒေပုဒ်မ ၅ဝ(က)(ဈ)၊၅၁(ဂ) တွေနဲ့ပါတ ရားစွဲခံထားရတာတွေရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW