ဝက်လက်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၅ ဦးသေဆုံး ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

သြဂုတ် ၊ ၅ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မောက်ကြိုးကျေးရွာနဲ့ အေးကုန်းကျေးရွာကြား ၊ မန္တလေး ရွှေဘို ကားလမ်းမှာ မနေ့ သြဂုတ် ၄ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူက အမျိုးသား ၅ ယောက်ဖြစ်တယ် ၊ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ကလေး တယောက်က ပေါင်ပြတ်သွားတယ် ၊ သေတဲ့ ၅ ယောက်ထဲက လှတောရွာက ၂ ယောက်နဲ ဒွန်တွဲကုန်းရွာက လူတွေဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာကိုတော့ VOM အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

မန္တလေး စစ်ကိုင်း ရွှေဘိုကားလမ်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ အောက်တိုဘာကနေ အခုနှစ် သြဂုတ်အထိ မိုင်းပေါက်ကွဲမှုဖြစ်စဥ် ၃၁ ကြိမ်ရှိခဲ့ပြီး ခရီးသည်တင် မှန်လုံကား ၉ စီး ၊ ကုန်တင်ယာဥ် ၇ စီး ၊ နဲ့ အိမ်စီးကား ၄ စီး ၊ ဘုန်းကြီးကား ၂ စီး မိုင်စထိမှန် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လူ ၄ ဦးသေဆုံးပြီး ၊ လူ ၂၀ ကျော် မိုင်စထိမှန် ဒဏ်ရာရတာဖြစ်ပွားခဲတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #၀က်လက် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW