အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ကြေညာ

၀ါရှင်တန်၊ သြဂုတ်-၅-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာပြီးနောက် အမေရိကန်အစိုးရက ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ် ၄ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒီလိုကြေညာလိုက်ပြီးနောက် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် ကာကွယ်ဆေးတွေ၊ ကုသမှုတွေနဲ့ ရောဂါတားဆီးရေးဆိုင်ရာ အစိုးရရဲ့အရင်းအမြစ်တွေကို ဖြန့်ဖြူးမှု အရှိန်မြှင့် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့ပွားမှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမြင့်ဆုံးအရေးပေါ်သတိပေးချက်ထုတ်ပြန်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်ကလည်း အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

လက်ရှိချိန်ထိ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု ၆၆၀၀ ကျော်ရှိနေပါတယ်။ ရောဂါဖြစ်ပွားမှုရဲ့ လေးပုံတပုံဟာ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ နယူးယောက်ပြည်နယ်မှဖြစ်ပါတယ်။

နောက်ထပ်ကူးစက်မှုအမြင့်ဆုံးပြည်နယ်တွေကတော့ ယခုသီတင်းပတ်အစောပိုင်းမှာ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ကယ်လီဖိုးနီးယားနဲ့ အီလီနွိုက်ပြည်နယ်တို့ဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW