အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်အနီး မိုးကြိုးပစ်မှု လူလေးဦးအပြင်းအထန် ဒဏ်ရာရ

၀ါရှင်တန်၊ သြဂုတ်-၅-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်အနီးမှာ သြဂုတ် ၄ ရက်ကဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်မှုကြောင့် လူလေးဦး ပြင်းထန်စွာဒဏ်ရာရရှိသွားပါတယ်။

အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဟာ အိမ်ဖြူတော်အနီးရှိ လာဖေးရက်ပန်းခြံမှာ ရှိနေချိန်အတွင်း ပြင်းထန်တဲ့မုန်တိုင်းတိုက်ခိုက်စဉ်မှာ မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း မီးသတ်တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီပန်းခြံဟာ အမေရိကန်သမ္မတနေထိုင်ရာနေရာအနီးမှာရှိတာကြောင့် မိုးကြိုးပစ်ခံရသူတွေကို အိမ်ဖြူတော်လုံခြုံရေးအဖွဲ့တွေက ဦးစွာကူညီပေးခဲ့ရပါတယ်။

ဒဏ်ရာရရှိသူတွေရဲ့ အမည်တွေကိုတော့ တာ၀န်ရှိသူတွေက ထုတ်ပြန်ခြင်းမရှိပါဘူး။

မိုးကြိုးပစ်ခံရသူလေးဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး သူတို့ကိုအလျှင်အမြန် ကုသမှုတွေဦးစွာပြုလုပ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ပန်းခြံဟာ အိမ်ဖြူတော်မြောက်ဘက်မှာတည်ရှိတဲ့ အများသူငှာအပန်းဖြေနိုင်တဲ့ ပန်းခြံဖြစ်ပြီး ခုနှစ်ဧက ကျယ်၀န်းကာ အထူးသဖြင့် နွေရာသီမှာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလေ့ရှိပါတယ်။

Ref: BBC
Photo: DC FIRE & EMS
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW