မြန်မာနိုင်ငံရေးအကျပ်အတည်း စူပါမင်းတောင် မဖြေရှင်းနိုင်ဘူးလို့ အာဆီယံအထူးသံတမန် ၀န်ခံ အာဆီယံအစည်းတွေမှာ မြန်မာကို ဆက်လက်ချန်လပ်ထားမယ်

ဖနွမ်းပင်၊ သြဂုတ်-၆-၂၀၂၂
မျိုးဆက်(VOM)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို စူပါမင်းတောင် မဖြေရှင်းပေးနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြား၀င်ဆောင်ရွက်ပေးနေသူ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်က သြဂုတ် ၆ ရက်မှာ ၀န်ခံပြောဆိုလိုက်ပါတယ်။

ကျွန်တော်က အထူးသံတမန်တဦးပါ။ စူပါမင်းမဟုတ်ပါဘူး။ စူပါမင်းတောင်မှ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မဖြေရှင်းနိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်လို့ သူက ထုတ်ဖော်ပြောဆိုပါတယ်။

မြန်မာ့အရေးလိုကိစ္စရပ်မျိုးတွေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ နှစ်နဲ့ချီကြာတတ်တယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ဦးဆောင်နေပြီး ဘုံသဘောတူညီချက်ငါးချက်ကို မြန်မာဘက်က အကောင်အထည်ဖော်မှုအားနည်းတဲ့အပေါ် သြဂုတ် ၅ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်ပြီးနောက် အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို နှောင့်နှေးစေတယ်ဆိုကာ အဖွဲ့၀င်နိုင်ငံတွေအကြား အမျက်ဒေါသတွေ ထွက်နေကြပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေကို ပြသချိန်ထိ အာဆီယံအဖွဲ့ရဲ့ အစည်းအဝေးတွေတက်ရောက်တာကနေ ချန်လပ်ထားဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ထားကြောင်း အထူးသံတမန်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref:Straits Times
Photo: AFP
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW