တရုတ်နိူင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှလုံးရောဂါနဲ့ ကွယ်လွန်

သြဂုတ် ၈၊၂၀၂၂
KK(VOM)

တရုတ်ပြည့်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ မနေ့ကအစည်းအဝေးတစ်ခုကို တက်ဖို့အသွား ကူမင်းလေဆိပ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်လို့ သံရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဘေကျင်းကနေ ကူမင်းကို အစည်းအဝေးတက်ဖို့အသွား ကူမင်းလေဆိပ်မှာ ရုတ်တရက်လဲကျသွားသေဆုံးခဲ့တာဖြစ်တယ်လို့ သံရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ကူမင်းလေဆိပ်မှာ ရုတ်တရက်လဲကျသွားတယ် အဲ့ဒီအထဲက သတိမရတော့တာ ဆရာဝန်တွေတော့ စစ်တော့ ဆုံးသွားပြီ၊ အရင်ကလည်း နှလုံးရောဂါအခံရှိပါတယ်”လို့ ပြောပါတယ်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အလားတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်ကလည်း ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ် #ဦးမျိုးသန့်ဖေ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW