အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူ

ဂျေရုဆလင် ၊ သြဂုတ်-၈-၂၀၂၂
မျိုးဆက်(VOM)

အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွများအကြား သြဂုတ် ၅ ရက်မှစပြီး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေပြီးနောက် အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ကြပြီဖြစ်ပါတယ်။

အစ္စရေးနဲ့ ဂါဇာအခြစိုက် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေးကို အီဂျစ်က ကြား၀င်စေ့စပ် ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး သဘောတူညီချက်ဟာ သြဂုတ် ၇ ရက် ည ၁၁ နာရီ မိနစ် ၃၀မှ စတင်သက်၀င်ခဲ့ပါတယ်။

နှစ်ဘက်အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအ၀င် ပါလက်စတိုင်း ၄၄ ဦးသေဆုံးပြီး ၃၆၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာတာ၀န်ရှိသူတွေကပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ထိန်းသိမ်းခံထားရတဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၀င်တွေကို ပြန်လွှတ်ပေးရေးအတွက် ညှိနှိုင်းဖို့အစ္စရေးဘက်က သဘောတူခဲ့ပါတယ်။

သူတို့ကို ပြန်လွှတ်မပေးဘူးဆိုရင် တိုက်ခိုက်မှုများပြန်လည်ပြုလုပ်သွားမယ်လို့ စစ်သွေးကြွအဖွဲ့က သတိပေးထားပါတယ်။

နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်းထားပါတယ်။

Ref: NHK
Photo:Bloomberg
#voiceofmyanmar #VOM ##ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW