ဟိုပုံးမြို့နယ်က တိုက်ပွဲရှောင်စခန်းတွေ အလှူရှင် နည်းပါးလာတဲ့အတွက် အခက်တွေ့လာ

သြဂုတ် ၊ ၉ ၊ ၂၀၂၂
SP( VOM)

ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် ၊ ပန်လုံကျေးရွာသစ်က စစ်ရှောင်တွေဟာ ဒီနှစ် မိုးရာသီမှာ အလှူရှင်တွေနည်းပါးလာပြီး မိုးအဆက်မပြတ် ရွာနေတာကြောင့် စားဝတ်နေရေး ကိစ္စရပ်တွေအပြင် ကျန်းမာရေးကိစ္စတွေပါ အခက်တွေ့နေရတယ်လို့ စစ်ရှောင်တွေကူညီပေးနေတဲ့ ဟိုပုံးမြို့ခံ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

” အဓိက အခက်အခဲကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးဖြစ်တယ် ၊ စစ်ရှောင် ၅ ရာကျော်ရှိတဲ့အနက်က ကျန်းမာရေး မကောင်းသူ ၁ ရာဝန်းကျင်ရှိတယ် ၊ စားသောက်ကုန် မလုံလောက်မှုက မိသားစုတိုင်းလိုဖြစ်နေတယ် ၊ မိုးက အဆက်မပြတ်ရွာနေတာကြောင့် ကူညီထောက်ပံ့တဲ့ အလှူရှင် အလာနည်းပြီး ဖြစ်ရတာ ” လို့ ဒေသခံ စစ်ဘေးရှောင် ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲရှောင် ၅ ရာကျော်ဟာ ကျောက်မဲမြို့နယ် ၊ ဟူးဆွန်ကျေးရွာအုပ်စုကနေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

” ရွာကိုစွန့်ခွာလာတာ ၁ နှစ်ကျော်ပြီ ၊ ဒီနှစ် မိုးကုန်ရင်တော့ နေရပ်ပြန်ကြဖို့ ပြင်ဆင်ထားတယ် ၊ တိုက်ပွဲတွေ ဆက်မဖြစ်တော့ရင် နေရပ်ပြန်မှာပါ ” လို့ တိုက်ပွဲရှောင်နေသူတယောက်က ပြောပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ်က ဒေသခံ ရှမ်းလက်နက်ကိုင်တွေ တဖွဲ့နဲ့ ဖွဲ့ ပစ်ခတ်တိုက်တာတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာအများစုက ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး ဟိုပုံးမြို့နယ်ဘက်ကို တိုက်ပွဲရှောင်ဖို့ ယာယီထွက်ပြေးလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟိုပုံး #စစ်ရှောင်အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW