တရုတ်ကိုယှဉ်နိုင်ဖို့ နည်းပညာထုတ်ကုန်တွေအတွက် ဒေါ်လာ ၂၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ့်ဥပဒေ အမေရိကန်ပြဌာန်း

၀ါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ဟာ အဆင့်မြင့်နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်ရေးနဲ့ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းတွေအတွက် ဒေါ်လာ ၂၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ့် ဥပဒေတရပ်ကို သမ္မတဂျိုးဘိုင်ဒင်က သြဂုတ် ၉ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဆင့်မြင့်နည်းပညာနယ်ပယ်မှာ တရုတ်နိုင်ငံထက် ခြေတစ်လှမ်းနောက်ကျနေမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေချိန်မှာ အဲဒီဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှာ ကွန်ပြူတာချစ်ပ်ထုတ်လုပ်ရေး စက်ရုံတွေတည်ဆောက်မယ့် ကုမ္ပဏီတွေအပေါ် အခွန်လျှော့ချမှုတွေလည်းပါ၀င်ပါတယ်။

နည်းပညာထုတ်ကုန်နယ်ပယ်မှာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့လိုအပ်မှုကို ကိုးကားပြီး အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေ ပိုမိုရရှိစေဖို့အတွက် ဒီကိစ္စအပေါ် အမေရိကန်ကုမ္ပဏီတွေက ယခင်ကာလတွေကတည်းက တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေပြဌာန်းမှုကို ဝါရှင်တန်ရှိ တရုတ်သံရုံးက ကန့်ကွက်ပြောဆိုထားပြီး စစ်အေးကာလ စိတ်ဓါတ်မျိုးဖြစ်ကြောင်း ဝေဖန်ပြောဆိုပါတယ်။

အမေရိကန်ဟာ လက်ရှိမှာ ကမ္ဘာတစ်၀န်းရှိ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်ကုန်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပါတယ်။ အဲဒီထုတ်ကုန်တွေထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး အီးယူကလည်း ချစ်ပ်တွေ ထုတ်လုပ်မှုတိုးမြှင့်ဖို့ ယခုနှစ်နွေဦးရာသီမှာ ယူရို ၄၀ ဘီလီယံကျော် ကတိပြုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW