တမူးမြို့က နယ်စပ်ကုန်သည်တဦး သိန်း ၈ ရာကျော်နဲ့ ရွှေ ၁၀ သား ဓားပြတိုက်ခံရ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့၊ စန္ဒကူးရပ်ကွက် ၊ ဝင်းဝင်းရေခဲမုန့်လမ်းကြားမှာနေတဲ့ နယ်စပ်ကုန်သည်တဦးရဲ့အိမ်ဟာ မနေ့ သြဂုတ်လ ၁၃ ရက် ညပိုင်းက ဓားပြတိုက်ခံရတယ်လို့ နယ်စပ်ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဓားပြတိုက်ခံရတဲ့အိမ်ရှင်က နယ်စပ်ကုန်သည် တဦးဖြစ်တယ် ၊ သူက ဂေါ်ရခါးလူမျိုးဖြစ်တယ် ၊ ညက ၈ နာရီထိုးပြီးတဲ့အချိန်မှာ သူ့အိမ်ထဲကို သေနတ်သမား ၅ ယောက်က ဝင်လာပြီး ဓားပြတိုက်သွားတာပါ ၊ ပိုက်ဆံ သိန်း ၈ ရာကျော်နဲ့ ရွှေ ၁၀ သား ပါသွားတယ် ” လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး တမူးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ညပိုင်းကလည်း တမူးမြို့ ၊ စန္ဒကူးရပ်ကွက်က ဂေါ်ရခါးလူမျိုး (နေပါလီ)ရာအိမ်မှူးဟောင်း ဖြစ်သူ ဦးနာဒါရမ်း ဆိုသူရဲ့ နေအိမ်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတချို့နဲ့ မြန်မာ အိန္ဒိယ ပိုက်ဆံရောရာ သိန်း ၂ ရာကျော် ပါသွားခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တမူး

Related posts

Leave a Comment

VOM News

FREE
VIEW