အာဖဂန်နစ္စတန်ရှိ ဗလီတခုမှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၁ ဦးသေဆုံး၊ ဒါဇင်များစွာ ဒဏ်ရာရ

ကဘူးလ်၊ သြဂုတ်-၁၈-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရဲ့ အနောက်မြောက်ဘက်ရှိ ဗလီတခုမှာ သြဂုတ် ၁၇ ရက်က ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီပါက်ကွဲမှုဟာ ညနေပိုင်း ၀တ်ပြုချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ၂၁ ဦးထက်မနည်းသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ကဘူးလ်မှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း တာလီဘန်လိုလားတဲ့ ထင်ရှားသတဲ့ ဘာသာရေးခေါင်းဆောင်တဦးသေဆုံးပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးထိ ဒဏ်ရာရရှိသွားပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာလီဘန်ထောက်လှမ်းရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း တာလီဘန်အဖွဲ့ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွ လုပ်ဆောင်နေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:DW
#voiceofmyanmar #VOM #ကဘူးဘ်

Related posts

Leave a Comment

VOM News

FREE
VIEW