ဇီးကုန် နဲ့ မြင်းမူမြို့နယ်တွေမှာ ပစ်ခတ်မှုတွေကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရရ

သြဂုတ် ၊ ၁၉-၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းမြို့ ၊ ချမ်းအေးသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူးတို့ ၂ ယောက်ဟာ မနေ့ သြဂုတ် ၁၈ ရက်မနက်ပိုင်းက လက်ဘက်ရည်ဆိုင်ထိုင်နေချိန် အမည်မသိ သေနတ်သမား ၂ ဦး က ဝင်ရောက်ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူး သေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းနိုင်နဲ့ ဦးမော်တို့ ၂ ယောက် လက်ဘက်ရည်ဆိုင်ထဲမှာ ပစ်သတ်ခံရတာပါ ၊ အုပ်ကြီး ဦးညွှန့်ဝင်းနိုင်ဆိုသူက နေရာမှာတင် သေဆုံးခဲ့ပြီး ဦးမော် ဆိုသူကတော့ ပြင်းထန်ဒဏ်ရာရတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ မနေ့ သြဂုတ် ၁၈ ရက် ညနေ ၃ နာရီဝန်းကျင်ကလည်း ကန့်ဘလူ-ကျွန်းလှ-ကောလင်း ကားလမ်းမှာ မိုင်ပေါက်ကွဲတဲ့အတွက် ချပ်သင်းရွာက ခရီးသည်တင်ကား ထိမှန်ပြီး ကားပေါ်က ခရီးသည် ၂ ဦးသေဆုံးကာ ၊ ၆ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါတယ်။

မနေ့ကညနေပိုင်းမှာ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ထီးဆောင်းကျေးရွာမှာနေတဲ့ စျေးသည် ဒေါ် ကြည်ဌေး ဆိုသူနဲ့ ရပ်မိရပ်ဖဖြစ်သူ ဦးစိန်အိုး ဆိုသူတို့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ည ၈ နာရီဝန်းကျင်မှာ ပရဟိတသမား တယောက်ဖြစ်တဲ့ ကိုထွန်းနိုင်လင်း ဆိုသူလည်း ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်က မုံရွာမြို့နယ် ၊ တောပုကျေးရွာကနေ ၊ မုံရွာမြို့ပေါ်ကို ဘုရားပန်းရောင်းဖို့ စျေးထွက်လာတဲ့ စျေးသည် ၆ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလည်း ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့် မနေ့က ၁ ရက်တည်းမှာ စစ်ကိုင်းတိုင်းအတွင်း ပစ်သတ်ခံရသူ ၄ ဦး ၊ မိုင်းထိမှန် သေဆုံးသူ ၂ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ၊ ပျောက်ဆုံးနေသူ ၆ ဦး ရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW