ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းရှိ နျူကလီးယားစက်ရုံကို ကုလတာ၀န်ရှိသူတွေစစ်ဆေးဖို့ ပူတင် ခွင့်ပြု

မော်စကို၊ သြဂုတ်-၂၀-၂၀၂၂
မျိုးဆက်(VOM)

ရုရှားထိန်းချုပ်ထားသော ယူကရိန်းရှိ Zaporizhzhia နျူကလီးယားစက်ရုံကို ကုလသမဂ္ဂတာ၀န်ရှိသူတွေ သွားရောက်စစ်ဆေးကြည့်ရှုခွင့်ပြုမယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။

ရုရှားသမ္မတပူတင်နဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့အကြား တယ်လီဖုန်းဆက်သွယ်ပြောဆိုပြီးနောက် ရုရှားသမ္မတနန်းတော်က အခုလိုကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးသူတွေ နျူကလီးယားစက်ရုံကို ၀င်ရောက်ဖို့လိုအပ်တဲ့ အကူအညီတွေပေးအပ်ဖို့ မစ္စတာပူတင်က သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနျူကလီးယားစက်ရုံအနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ရုရှားရဲ့ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

Zaporizhzhia နျူကလီးယားစက်ရုံဟာ မတ်လအစောပိုင်းကတည်းက ရုရှားရဲ့ သိမ်းပိုက်ထိန်းချုပ်မှုအောက်ရောက်ရှိခဲ့ပြီး ယူကရိန်းနျူကလီးယားပညာရှင်တွေကတော့ ရုရှားတွေရဲ့ လမ်းညွှန်မှုအတိုင်း အဲဒီစက်ရုံမှာ ဆက်လက်လုပ်ကိုင်နေရပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW