Bago Weeklyသတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ ဇနီး ထောင် ၁၀ နှစ်ချခံရ

ဩဂုတ် ၂၀-၂၀၂၂
VOM (GG)

ဖမ်းဆီးခံထားရတဲ့ လက်ပံတန်းမြို့က Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေရဲ့ အမျိုးသမီးဖြစ်သူ မဝေဝေလွင်ကို သာယာဝတီအကျဥ်းထောင်တရားရုံးက ထောင် ၁၀ နှစ်အမိန့်ချလိုက်တယ်လို့သိရပါတယ်။

မဝေဝေလွင်ကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲကာ ၉ လအကြာ မနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ အမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကအမိန့်ချလိုက်တယ် ထောင် ၁၀ နှစ်၊ သူ့ကို ဖမ်းတုန်းကလည်း သူ့ယောကျ်ားရုံးချိန်းသွားရင်းအဖမ်းခံရတာ ၊ ဖုန်းဆက်နေတာကိုမြင်ပြီး ဖမ်းတာလို့ သိရတယ်။ သာယာဝတီထောင်မှာပဲပေါ့ “လို့ ကိုငြိမ်းချမ်းဝေ ရဲ့မိတ်​ဆွေတဦးကပြောပါတယ်။

မဝေဝေလွင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ကိုငြိမ်းချမ်းဝေရဲ့ ရုံးထုတ်စစ်ဆေးမှုကို လာရောက်စဥ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

မဝေဝေလွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုငြိမ်းချမ်းဝေကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (ဂ) နဲ့ ထောင်ဒဏ် ၈ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (က) နဲ့ ထောင် ၃ နှစ်၊ဒဏ်ငွေကျပ်တစ်သောင်းမပေးတဲ့အတွက် ထောင်ဒဏ်သုံးလချမှတ်ထားတ ယ်လို့ သိရပါတယ်။

ကိုငြိမ်းချမ်းဝေကိုလည်း၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #BagoWeeklyသတင်းထောက်ကိုငြိမ်းချမ်းဝေရဲ့ဇနီး #ထောင်၁၀နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW