ဝါးခယ်မမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၅၆ ဦး ဖမ်းမိ

သြဂုတ်၊ ၂၃-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့ ၊ သရွက်မြိုက်တံတား
အနီးမှာ ရန်ကုန်မြို့ကိုသွားဖို့လာတဲ့ စက်လှေ ၁ စီးပေါ်ကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၅၆ ယောက်ကို သြဂုတ်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေသိရပါတယ်။

ရန်ကုန်ကို သွားမယ့် စက်လှေ ၁ စီးပေါ်မှာ နိုင်ငံသား
အထောက်အထားမဲ့သူတွေပါတယ်ဆိုတဲ့ သတင်းအရ သရက်မြိုက်တံတားအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စောင်းဆိုင်းဖမ်းဆီးခဲ့တာလို့သိရပြီး နိုင်ငံသား အထောက်အထားမဲ့သူတွေကို စက်လှေနဲ့လိုက်ပို့သူကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်းဖမ်းမိတာ စက်လှေကို စောင့်ပြီး စစ်ဆေးပြီးတော့ ဖမ်းမိတာပါ ၊ရန်ကုန်ဘက်ကိုသွားမှာ
လို့သိရတယ် ၊ ကျား အယောက် ၃၀ နဲ့ မ ကလေးတွေ အပါ ၂၆ ယောက်ပါ ၊ အားလုံး ၅၆ ယောက်လို့သိရတယ် ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၅၆ ယောက်ကို ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့နဲ့ စစ်တပ်က စစ်ဆေးနေပြီး သူတို့တွေဟာ ရန်ကုန်ကနေ မလေးရှားနိုင်ငံကိုသွားဖို့ လာတဲ့သူတွေဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း ပုသိမ်မြို့နယ်၊
ရွှေသောင်ယံကမ်းခြေကို စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက် အထားမဲ့သူ ၄၆ ယောက်ကို ကင်းလှည့်နေတဲ့ ရေတပ်က ဖမ်းဆီးရမိခဲ့သေးတယ်လို့ ရွှေသောင်ယံမြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #၀ါးခယ်မ

Related posts

Leave a Comment

VOM News

FREE
VIEW