ယူကရိန်းရှိ ရထားဘူတာကို ရုရှားကဒုံးကျည်နဲ့တိုက်ခိုက်မှု လူ ၂၂ ဦးသေဆုံး ၊ ၅၀ ကျော်ဒဏ်ရာရ

ကိယက်ဗ်၊ သြဂုတ်-၂၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု ခြောက်လမြောက်နေ့မှာ ယူကရိန်းရှိ ရထားဘူတာရုံကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ၂၂ ဦးသေဆုံးသွားပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Chaplyne မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူငါးဦးဟာ ကားတစီးထဲမှာတင် မီးလောင်သေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် ကလေးငယ်တဦးလည်းပါ၀င်ပါတယ်။

တိုက်ခိုက်မှုကြောင့် ခရီးသည်တင်ရထားတွဲလေးတွဲ မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတဲ့ကိစ္စကိုလည်း ရုရှားဘက်က ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ ဧပြီလအတွင်းကလည်း ယူကရိန်းရှိ ရထားဘူတာရုံတခုကို ရုရှားက တိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW