ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၆၀၀ ကျော်နဲ့ သေဆုံးသူ ၆ ဒသမ ၄၉ သန်းရှိလာ

ဝါရှင်တန်၊ သြဂုတ်-၂၉-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၆၀၀ ကျော်ရှိလာကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ သြဂုတ် ၂၈ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ကူးစက်ခံရသူ ၉၄ သန်းကျော်ရှိပြီး ကူးစက်မှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး အိန္ဒိယက ၄၄ သန်းနဲ့ ဒုတိယနေရာ၊ ပြင်သစ်က ၃၅ သန်းနီးပါးနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂျပန်နိုင်ငံက ကူးစက်သူ ၁၈ သန်းကျော်ရှိပြီး ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကမ္ဘာတ၀န်းမှာ ရောဂါကူးစက်မှုသစ်တွေ ကျဆင်းလာတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အချို့နိုင်ငံတွေမှာ ရောဂါစမ်းသပ်စစ်ဆေးမှုတွေ အားနည်းမှုကြောင့် ကူးစက်မှုအရေအတွက်မှာ တရား၀င်ထုတ်ပြန်ထားတာထက် ပိုမိုများပြားဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။

ကမ္ဘာ့တစ်၀န်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး လက်ရှိချိန်ထိ ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၆ ဒသမ ၄၉ သန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW