RCSS/SSAနဲ့ နစကတို့ ဒုတိယအကြိမ်တွေ့ဆုံ

ဩဂုတ် ၂၉-၂၀၂၂
KT(VOM)

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ နစက တို့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲကို ဒီနေ့မနက်ပိုင်း နေပြည်တော် ဘုရင့်နောင်ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတွင် ပထမအကြိမ် ပဏာမဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို လက်တွဲဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ကယ်ဆယ်နေရာချထားရေး နဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နစက #RCSS/SSA#ဒုတိယအကြိမ်တွေ့ဆုံ

Related posts

Leave a Comment

VOM News

FREE
VIEW