ပါကစ္စတန်မှာ ရေဘေးကြောင့် လူ ၉၀၀ ကျော်သေဆုံး၊ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာထားရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၇-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် လူရာနဲ့ချီသေဆုံးပြီး သန်းပေါင်းများစွာ ရေးဘေးသင့်နေပြီးနောက် ပါကစ္စတန်အစိုးရက သြဂုတ် ၂၆ ရက်မှာ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၄ ဦးအပါအ၀င် ရေဘေးကြောင့် လူ ၉၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။

နိုင်ငံတောင်ပိုင်း ဆင့်ဒ်ပြည်နယ်ရှိ ဆော့ခ်ကာရှေးဟောင်းမြို့မှာ ရေဘေးဒုက္ခတွေဟာ လမ်းဘေးမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်နေကြရပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေဟာ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အဲဒီပြည်နယ်တခုတည်းမှာ ရေဘေးကြောင့် လူ ၃၀၀ ကျော်ထိသေဆုံးခဲ့ပြီး မိုးဆက်လက်ရွာသွန်းဖွယ်ရှိနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်နေကြပါတယ်။

နိုင်ငံတ၀န်းမှာ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၃၃ သန်း ရေဘေးသင့်နေကြောင်း ပါကစ္စတန်၀န်ကြီးချုပ် ရှဘက်ဇ်ရှာရဖ်ကပြောဆိုထားပြီး နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိဖို့ မေတ္တာရပ်ခံထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW