အာဂျင်တီးနား ဒုသမ္မတ သေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုမှ လက်မတင်လေး လွတ်မြောက်

ဗျူနိုအေရိစ်၊ စက်တင်ဘာ-၂-၂၀၂၂
မျိုးဆက်(VOM)

အာဂျင်တီးနား ဒုတိယသမ္မတ Cristina Fernandez de Kirchner ဟာ သေနတ်သမားတဦးက ပစ်ခတ်လုပ်ကြုံဖို့ ကြိုးစားချိန်မှာ သေနတ်ကျည်မထွက်တာကြောင့် လုပ်ကြံသတ်ဖြတ်မှုကနေ လက်မတင်လေး လွတ်မြောက်သွားပါတယ်။

သူ့ရဲ့ ခေါင်းကို လူတဦးက သေနတ်နဲ့ချိန်ရွယ်ပစ်ခတ်ဖို့ ကြိုးစားစဉ်မှာ ဒုတိယသမ္မတဟာ နေအိမ်ပြင်ပမှာ ရောက်ရှိနေတဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေခဲ့ပါတယ်။

သေနတ်ထဲမှာ ကျည်ငါးတောင့်ပါပေမယ့် ပစ်ခတ်ချိန်မှာ သေနတ်ထဲက ကျည်မထွက်ဖြစ်ခဲ့ပြီး သေနတ်သမားဟာ အသက် ၃၅ နှစ်အရွယ် ဘရာဇီးနိုင်ငံသားဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

လက်ရှိမှာတော့ ဒီလိုလုပ်ကြံဖို့ကြိုးစားရတဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေပါတယ်။

ဒီဖြစ်ရပ်ဟာ အာဂျင်တီးနားနိုင်ငံဟာ ၁၉၈၃ ခုနှစ်မှာ ဒီမိုကရေစီပြန်လည်ကျင့်သုံးပြီးနောက်ပိုင်း အဆိုးရွားဆုံး လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Alberto Fernandez ကပြောပါတယ်။

ဒုတိယသမ္မတဖြစ်သူ Cristina Fernandez de Kirchner ဟာ အဂတိလိုက်စားမှုနဲ့ တရားရင်ဆိုင်နေရပြီး သူကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Ref\; BBC
Photo:Reuters
#voiceofmyanmar #VOM #ဗျူနိုအေရိစ်

Related posts

Leave a Comment

VOM News

FREE
VIEW