ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ်သုံးနှစ်ချမှတ်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

၀ါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက နောက်ထပ်ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်အနေနဲ့ ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က စက်တင်ဘာ ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာအာဏာပိုင်တွေအပေါ် နောက်ထပ်ဖိအားတွေပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တဲ့ မမျှတတဲ့စီရင်ချက်တွေကို မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေပြင်းထန်ဆိုးရွားလာတဲ့အပေါ် အာဏာပိုင်တွေကို တာ၀န်ယူတာ၀န်ခံဖို့ အတူတကွလုပ်ဆောင်ရမှာဖြစ်တယ်လို့ ဘလင်ကင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပြီးနောက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ်ခဲ့ပေမယ့် ထူးခြားစွာပြောင်းလဲမှုကတော့ ထင်သလောက်မတွေ့ရပါဘူး။

ဇူလိုင်လအတွင်းက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်ပြီးနောက်မှာ နောက်ထပ်အရေးယူပိတ်ဆို့မှုတွေလုပ်မယ်လို့ အမေရိကန်က ကတိပြုခဲ့ပေမယ့်လည်း ရေနံနဲ့သဘာ၀ဓါတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့ဖို့စီစဉ်ထားတာက အကောင်အထည်မပေါ်သေးပါဘူး။

Ref:CNA
Photo:AP

#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW