မြန်မာနိုင်ငံက ဆန်တန်ချိန်နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ် ၀ယ်ယူမယ်

ဒါကာ၊ စက်တင်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှဟာ မြန်မာနိုင်ငံကနေ ဆန်တန်ချိန်နှစ်သိန်း ၀ယ်ယူဖို့စီစဉ်နေတယ်လို့ အဲဒီကိစ္စကို သိရှိတဲ့ တာ၀န်ရှိသူနှစ်ဦးကပြောပါတယ်။

နှစ်နိုင်ငံအစိုးရချင်းသဘောတူညီချက်အရ ကုန်ကျစရိတ်၊ အာမခံနဲ့ ကုန်စည်ပို့ဆောင်မှု(CIF) အပါအ၀င် ဆန်တတန်ကို ၄၆၅ ဒသမ ၅၀ ဒေါ်လာကျသင့်မယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဆန်၀ယ်ယူရေးသဘောတူညီချက်ကို မကြာခင်မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ဆန်တွေကို နှစ်လအတွင်း အရောက်ပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရ်ှဟာ မြန်မာနိုင်ငံကဆန်တွေအပြင် ဗီယက်နမ်နဲ့အိန္ဒိယနိုင်ငံတို့ကနေ စုစုပေါင်းဆန်တန်ချိန် သုံးသိန်းသုံးသောင်းကိုလည်း ၀ယ်ယူနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှအစိုးရဟာ ပြည်တွင်းဆန်စျေးကြီးမြင့်မှုကို ထိန်းချုပ်ဖို့ကြိုးစားမှုအဖြစ် ဆင်းရဲနွမ်းပါးတဲ့ မိသားစုသန်းပေါင်းများစွာအတွက် ဆန်တွေကို စျေးသက်သက်သာသာနဲ့ ယခုလအတွင်းမှာ တိုးချဲ့ရောင်းချပေးနေပါတယ်။

Ref: Straits Times
Photo: Financial Times
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW