အမေရိကန်နည်းပညာကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုမပြုဖို့ တားမြစ်

ဝါရှင်တန်၊ စက်တင်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အစိုးရထံကနေ ရန်ပုံငွေရရှိထားတဲ့ အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံမှာ အဆင့်မြင့်နည်းပညာစက်ရုံ အလုပ်ရုံတွေလုပ်ကိုင်ခြင်းကို ၁၀နှစ်ကြာ ပိတ်ပင်သွားမယ်လို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်းထုတ်ကုန် လုပ်ငန်းတွေ တည်ဆောက်ဖို့ အစိုးရက နည်းပညာကုမ္ပဏီတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၅၀ ဘီလီယံ အသုံးပြုဖို့စီစဉ်ပြီးနောက် အခုလို ကန့်သတ်မှု ပြုလိုက်တာဖြစ်ပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီတွေဟာ တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရတာတွေကို လျှော့ချဖို့ကြိုးပမ်းမှုမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုရရှိဖို့ တွန်းအားပေးမှုတွေပြုလုပ်ပြီးနောက် အစိုးရက ရန်ပုံငွေထောက်ပံ့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီတွေအနေနဲ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မတွေနဲ့ ထုတ်လုပ်မှုနှေးကွေးမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ရန်ပုံငွေရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အကာအကွယ်နည်းလမ်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပြီး ရန်ပုံငွေတွေကို အသုံးပြုပြီး တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ ရင်းနှီးမြုပ်နှံမှု မပြုရကြောင်း အမေရိကန် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး ဂျီနာရိုင်မွန်ဒိုက ပြောပါတယ်။

Ref: BBC
Photo:Intel
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW