ပြုံးယမ်း၊ စက်တင်ဘာ-၉-၂၀၂၂
မျိုးဆက်(VOM)
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်ပိုင်နိုင်ငံတစ်ခုအဖြစ် ကြေညာထားတဲ့ ဥပဒေတရပ်ကို စက်တင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။
ဒါဟာ နောက်ပြန်မဆုတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုခဲ့ပြီး နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲတွေဖြစ်နိုင်ခြေကို ပယ်ချလိုက်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။
ဥပဒေမှာတော့ နိုင်ငံလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုပြုတဲ့ နျူကလီးယားတိုက်ခိုက်မှုကို အသုံးပြုခွင့် ပြဌာန်းထားပါတယ်။
နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းကြပ်စွာချမှတ်ထားပေမယ့်လည်း မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်တိုက်ခိုက် ခြိမ်းခြောက်နိုင်စွမ်းရှိဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ကာ သူ့ရဲ့စစ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင်နေပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရာထူးမှအနားယူသွားတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့အကြား ထိပ်သီးဆွေးနွေးပွဲနှစ်ကြိမ်ပြုလုပ်ပြီးနောက် ၂၀၁၉ ခုနှစ်မှာလည်း တာဝေးပစ်ဒုံးကျည်တွေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ပါတယ်။
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပြုံးယမ်း