ပခုက္ကူမြို့က ရွှေသန့်စင်လုပ်ငန်းအိမ် ဓားပြတိုက်ခံရ ပြီး ရွှေ ၁၁ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၂ ရာပါသွား

စက်တင်ဘာ ၊ ၉ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ သီရိမင်္ဂလာလမ်းမှာရှိတဲ့ ရွှေသန့်စင်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ်ဟာ မနေ့ စက်တင်ဘာ ၈ ရက် ၊ ည ၁၂ နာရီခန့်က ဓားပြတိုက်ခံရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” မနေ့ညက မိုးတွေရွာနေတုန်း တိုက်သွားတာလို့ ကြားရတယ် ၊ အတိုက်ခံရတဲ့အိမ်က ရွှေလှော်(ရွှေသန့်စင် လုပ်ငန်း)နဲ့ ဆုံဆီ လုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ဖြစ်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကနဦး သိရတာက ပန်တိမ်လုပ်ငန်းနဲ့ ရွှေသန့်စင်လုပ်ကိုင်တဲ့ ဦးသန်းထွန်းရဲ့နေအိမ်ကို ဓားတွေကိုယ်စီကိုင်ထားတဲ့ လူ ၄ ယောက်က ဝင်ရောက်ပြီး အနုကြမ်းစီးသွားတယ် ၊ ပိုက်ဆံ သိန်း ၂ ရာနဲ့ ရွှေထည် ၁၁ ကျပ်သား ပါသွားတယ် ၊ အမှုဖွင့် အရေးယူနိုင်ဖို့ စစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

ပခုက္ကမြို့ အမှတ် ၃ ရပ်ကွက် ၊ ကမ္မစျေးနားမှာရှိတဲ့ တော်ဝင်ကြယ် ရွှေရတနာဆိုင်ပိုင်ရှင် ဒေါ်လဲ့လဲ့ငြိမ်း ဆိုသူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း ရွှေရတနာဆိုင်လုပ်ငန်းရှင်တွေအနေနဲ့ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း ပခုက္ကူမြို့ ၊ မြို့မစည်ပင်စျေးထဲက ရွှေရတနာဆိုင် ၁ ဆိုင် ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW