နယူးယောက်ပြည်နယ်မှာ ပိုလီယိုရောဂါကူးစက်မှုကြောင့် အရေးပေါ်အခြေအနေကြေညာ

၀ါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တ၀န်းတွင် ပိုလီယိုဗိုင်းရပ်စ် ပျံ့နှံ့နေကြောင်း သက်သေအထောက်အထားတွေထွက်ပေါ်လာပြီးနာက် အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၉ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

နယူးယောက်မြို့နဲ့ကပ်လျှက်ရှိတဲ့ ခရိုင်လေးခုရှိ ရေဆိုးနမူနာတွေမှာ ပိုလီယိုဗိုင်းရပ်စ်တွေ တွေ့ရှိကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိချိန်ထိ အတည်ပြုလူနာတဦးသာတွေ့ရှိသေးပေမယ့် အမေရိကန်မှာ ဆယ်စုနှစ် တခုနီးပါးအတွင်း ပိုလီယိုရောဂါ ပထမဆုံးအကြိမ် ကူးစက်မှုလည်းဖြစ်ပါတယ်။

ပြည်နယ်အရေးပေါ်အခြေအနေကြေညာပြီးနောက်မှာ ကာကွယ်ဆေးထိုးအစီအစဉ်တွေကို မြှင့်တင်သွားမှာဖြစ်ပြီး ပြည်နယ်တခုလုံးမှာ ပျှမ်းမျှ ၇၉ ရာခိုင်နှုန်ကနေ ၉၀ ရာခိုင်နှုန်းအထက်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

၁၉၅၅ ခုနှစ်မှာစတင်ခဲ့တဲ့ ကာကွယ်ဆေးထိုးအစီအစဉ်ကြောင့် အမေရိကန်မှာ ပိုလီယိုရောဂါကူးစက်မှုကို တိုက်ဖျက်နိုင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ ပိုလီယိုကင်းစင်ကြောင်း ကြေညာခဲ့ပါတယ်။

Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW