စစ်ကိုင်းမှာ အသတ်ခံထားရတဲ့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းနဲ့အတူ ကလေးငယ် ၁ ဦးကို အသက်ရှင်လျက်တွေ့

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက် ၊ စစ်ကိုင်းရှိမ္မကား ကျောက်မြှောင်း ရွှေဘို အမှတ် ၃ ခရိုင်ချင်း ချိတ်ဆက်ကားလမ်းမှာ မနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက အမည်မသိ အမျိုးသမီး ၂ ဦး အသတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်းတွေနဲ့အတူ အသက်ရှင်လျက် ကလေးငယ် ၁ ဦးပါ စွန့်ပစ်ထားတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ တွေ့ခဲ့ရတာပါ ၊ အသတ်ခံထားရတဲ့ အမျိုးသမီး ၂ ဦးက အသက် ၃၅ နဲ့ ၄၀ ဝန်းကျင်အရွယ်တွေဖြစ်တယ် ၊ မျက်နှာတွေကို အဝတ်စီးပြီး သတ်ခံထားရတာ ၊ အဲ့ဒီ အလောင်းတွေနားမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် တယောက်လည်း အသက်ရှင်လျက် စွန့်ပစ်ထားတာကိုတွေ့ရတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အသက်ရှင်လျက်တွေ့ရှိခဲ့တဲ့ ကလေးငယ်ကို စစ်ကိုင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေက သက်ဆိုင်ရာကို အကြောင်းထားပြီး စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီ အမျိုးသမီး ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ကိုင်းမြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” အမျိုးသမီး ၂ ဦး အသတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေထဲမှာ ကလေး မိခင်ဖြစ်သူလည်း ပါတယ်။ မျက်နှာကို အဝတ်စည်းပြီး လည်ပင်းထိုးသွင်းပြတ်ရှ ဒဏ်ရာ ၊ ဦးခေါင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ ၊ လတ်တလောအချိန်ထိတော့ ပိုင်ရှင်မပေါ်သေးဘူး ၊ အမည်မသိ အမျိုးသမီး ၂ ဦးဖြစ်တယ် ၊ သူတို့ ဘာကြောင့် အသတ်ခံရတယ် ၊ ဘယ်သူတွေက သတ်ဆိုတာ အမှုဖွင့်စုံစမ်းနေဆဲ ဖြစ်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ရေဦး ခင်ဦးကားလမ်း၊ မူးမြစ်ဖြတ်ကူးတံတားနားမှာ အမည်မသိ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အသတ်ခံရပြီး စွန့်ပစ်ထားတာကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက တွေ့ရှိခဲ့ရပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ရေဦးခရိုင် ၊ စစ်ကိုင်းခရိုင် ၊ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေမှာ သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေရုပ်အလောင်းတွေရတာ အခုနှစ် ၉ လအတွင်း ရာဂဏန်းနီးပါးရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေရဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Photo-စစ်ကိုင်းမြို့ခံ လူမှုကူညီရေး အဖွဲ့
#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW