ရေဘေးဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံမှာ ကျန်းမာရေးအကျပ်အတည်း ဖြစ်လာနိုင်ခြေရှိနေ

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)

မကြာသေးမီအချိန်အတွင်းက ရေဘေးသင့်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်လာနိုင်ကြောင်း ပါကစ္စတန်ကျန်းမာရေးတာ၀န်ရှိသူတွေက စက်တင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

နိုင်ငံမှာ ဇွန်လလယ်ကတည်းကဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် လူ ၁၅၀၀ နီးပါးသေဆုံးခဲ့ပြီး ပြည်သူ ၃၃ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတ၀န်းမှာ ကယ်ဆယ်ရေးနဲ့ ရွှေ့ပြောင်းနေရာချထားရေးတွေဆက်လက်လုပ်ဆောင်နေချိန်မှာ ရေဘေးသင့်ဒေသတွေမှာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါကူးစက်မှုတွေနဲ့ ၀မ်းပျက်၀မ်းလျှောဖြစ်ပွားမှုတွေ တိုးပွားနေတယ်လို့ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

ရေဘေးသင့်သူတွေဟာ ရေ၀ပ်ရာနေရာတွေမှာ အများဆုံးနေထိုင်နေကြရတာကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ယခင်ကတည်းက ကြုံတွေနေရတဲ့ အခြေအနေမှာ နေ့စဉ်ပိုမိုဆိုးရွားလာနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း အခက်အခဲတွေရှိနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတက်ရက်စ်ဟာ ရေဘေးသင့်ပါကစ္စတန်နိုင်ငံသို့ လွန်ခဲ့တဲ့သီတင်းပတ်မှာ သွားရောက်ခဲ့ပြီး အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ အကူအညီတွေပေးအပ်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းပြောဆိုထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW