လာမယ့်နှစ်မှာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

၀ါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာတ၀န်းရှိ ဗဟိုဘဏ်တွေက အတိုးနှုန်းမြှင့်တင်နေကြတာဟာ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။

ဗဟိုဘဏ်တွေဟာ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်ငါးခုအတွင်း မကြုံစဖူး အတိုးနှုန်းများကို မြှင့်တင်နေကြကြောင်း ကမ္ဘာ့ဘဏ်ကပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ သတိပေးချက်ဟာ လာမယ့်သီတင်းပတ်မှာ အဓိကအတိုးနှုန်းတွေကို မြှင့်တင်သွားဖွယ်ရှိနေတဲ့ အမေရိကန်ဗဟိုဘဏ်နဲ့ အင်္ဂလန်ဗဟိုဘဏ်တို့ရဲ့ ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးမတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ကမ္ဘာ့စီးပွားရေးဟာ ၂၉၇၀ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးနှေးကွေးနေကြောင်း ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ဥရောပဒေသတွေမှာ စီးပွားရေးတိုးတက်မှု နှုန်းဟာ သိသိသာသာနှေးကွေးနေတယ်လို့ ဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW