တောင်ကုတ်မြို့မှာ မှုခင်းရှု့ထောင့်ဂျာနယ်က သတင်းထောက် ၂ ဦး အဖမ်းခံရ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၂
SP( VOM)

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှာ အခြေစိုက်နေထိုင်တဲ့ မှုခင်းရှု့ထောင့်ဂျာနယ်နဲ့ သတင်းစုံ ဖော်ထုတ်ရေး သတင်းထောက် ၂ ဦးကို ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ သက်ဆိုင်ရာက ဖမ်းဆီးသွားတယ်လို့ တောင်ကုတ်မြို့ခံတွေဆီက သိရပါတယ်။

” ဖမ်းဆီးခံရတဲ့ သတင်းထောက် ၂ ဦးကတော့ ရှု့ထောင့်ဂျာနယ်က ကိုဦးနဲ့ ကိုစိုးဝင်းချေ တို့ ဖြစ်တယ် ၊ သူတို့ ၂ ယောက်ကို ဂူတာရပ်ကွက် ၊ အေးရိပ်ငြိမ် ကားဝန်းနောက် ၄ လမ်းမှာ ဖမ်းဆီးသွားတာဖြစ်တယ် “လို့ တောင်ကုတ်မြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ သတင်းထောက် ၂ ယောက် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန် မှုခင်းရှု့ထောင့် ဂျာနယ်ရုံး ၊တာဝန်ရှိသူတယောက်က ” အဖမ်းခံရတယ်ဆိုတာကြားတယ် မြို့ထဲမဟုတ်ဘူး ၊ တောင်ခြေမှာဆိုတော့လက်နက်ကိုင် အဖွဲ့တွေရှိတယ် ၊လတ်တလောကြားရတာက စစ်တပ်က ဖမ်းသွားတယ်လို့ဖြစ်တယ် ၊ သေချာတော့ မသိရသေးဘူး ၊ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာလည်း အဆက်အသွယ် မရသေးဘူး”လို့ ပြောပါတယ်။

ဖမ်းခံရတဲ့ သတင်းထောက် ၂ ဦး ဟာ တောင်ကုတ်ခရိုင်မှာရှိတဲ့ ဌာနဆိုင်ရာရုံးအဖွဲ့တွေနဲ့ ရင်းနှီးကျွမ်းဝင်လျက်ရှိပြီး ၊ ဌာနဆိုင်ရာသတင်းတွေကို ရေးသားဖြန့်ချီနေသူတွေလည်း ဖြစ်တယ်လို့ တောင်ကုတ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာနေထိုင်တဲ့ မှုခင်းရှု့ထောင်ဂျာနယ် သတင်းထောက်ဟောင်း လင်မယား ၂ ယောက်ဟာ လက်ဘက်ရည်ဆိုင်ထဲမှာ ပစ်သတ်ခံရတာတာကြောင့် လင်မယား ၂ယောက်စလုံး သေဆုံးရတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ မတ်လထဲမှာ ရန်ကုန် ၊ လှိုင်သာယာမြို့နယ်ထဲမှာ သတင်းယူနေတဲ့ မှုခင်းရှု့ထောင့်ဂျာနယ်က သတင်းထောက်တဦး သတ်ဖြတ် မီးရှို့ခံရတာဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလထဲမှာ လှိုင်သာယာ ၊ ရေး ၊ ထားဝယ် ၊ ကလေး စတဲ့မြို့နယ်တွေဘက်မှာ မှုခင်းရှု့ထောင့် သတင်းစုံဂျာနယ် သတင်းထောက် ၅ ဦးထက်မနည်း အသတ်ခံရပြီး သက်ဆိုင်ရာက ဖမ်းဆီးတာနဲ့ ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အာဆီယံသတင်းသမားများပရိုဂရမ်တခုဖြစ်တဲ့ Reporting ASEAN ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၀၂ ဦးထိရှိခဲ့ပြီး အဲ့ဒီအထဲကပြန်လည်လွတ်မြောက်လာသူ ၅၀ ကျော်ရှိကာ ကျန်သူတွေကတော့ နိုင်ငံနေရာအနှံ့က အကျဥ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #မှုခင်းသတင်းထောက်နှစ်ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW