အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင် မလုပ်ပါက အရေးယူမယ်လို့ လ.ဝ.က သတိပေး

စက်တင်ဘာ ၂၀-၂၀၂၂
VOM (GG)

အသက် ၁၀ နှစ်ပြည်ပြီးသူတိုင်း မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး မပြုလုပ်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်​လိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-D Biographic Registration Software နည်ပညာနဲ့ နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူနဲ့ အခြားအသိအမှတ်ပြု ကဒ်တမျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော် စာရင်းသွင်းပြီးဖြစ်လို့ သတ်မှတ်ကာလအတွင်း မှတ်ပုံတင် ကဒ်နဲ့ အခြားအသိအမှတ်ပြုကတ်၊ ပုံစံ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းကို နီးစပ်ရာမြို့နယ် လဝက ရုံးကို သွားရောက်ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနာက အသိပေးထားပါတယ်။

” ဟိုအရင်ကလို စာသင်ကျောင်းတွေမှာ လာပြီး သူတို့လုပ်ပေးရမှာ ၊သူတို့ဆီ သွားလုပ်ရမယ်ဆိုရင်တော့ အဆင်မပြေဘူး ။တနေ့လုပ်မှ တနေ့စားရတဲ့ဘဝတွေဆိုတော့ အလုပ်တရက်ပျက်ရင် စားဖို့မလွယ်ဘူး။ “လို့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားမိဘတဦးကပြောပါတယ်။

အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ထားပြီးသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားအလိုက် မှတ်ပုံတင်ကဒ်ကို ပြန်လည်လဲလှယ်ခြင်း ၊ အချက်အလက် ကွဲလွဲတာ ရှိရင်လည်း ပြင်ဆင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်ကဒ်ပြုလုပ်ထားသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားအတိုင်း ကဒ်အသစ် ပြန်လည်လဲလှယ်ဖို့ လိုအပ်ကြောင်း၊မှတ်ပုံတင်ကဒ်ပါ အချက်အလက် ကွဲလွဲမှုရှိပါကလည်း သက်ဆိုင်ရာမြို့နယ် လဝကရုံးမှာ ပြင်ဆင်ရမယ်လို့သိရပါတယ်။

အခုလိုမှတ်ပုံတင်လုပ်ခိုင်းတဲ့အပေါ် ၁၁ နှစ် အရွယ် ကလေးမိဘတဦးက ” လွယ်တာကိုခက်အောင်လုပ်နေတာ၊တကယ်သာ ကလေးတွေကို မှတ်ပုံတင်လုပ်ပေးချင်ရင် စာသင်ကျောင်းတွေမှာ သူတို့လာလုပ်ပေးရင် ပိုအဆင်ပြေတာပဲ၊ကလေးတွေလည်းအဆင်ပြေ၊ မိဘတွေလည်း ဒုက္ခမများတော့ဘူး။ မှတ်ပုံတင်ရုံးကလည်း ကဒ်တခါလုပ်ရင် ၆ လအနည်းဆုံးကြာတယ် အရင်ထဲကကြာတာ ၊ နောက်ပြီး အခုကာလ စားဝတ်နေရေးလုပ်နေရတာနဲ့ အဲ့ဒီကိစ္စတွေ အချိန်မပေးနိုင်ဘူး”လို့ ပြောပါတယ်။

မှတ်ပုံတင် ၁ ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင် ထားပါကလည်း သက်ဆိုင်ရာမြို့နယ်လဝကရုံးကို အပ်နှံရမှာဖြစ်ပြီး ကဒ်အပိုကို မအပ်နှံပါက နောက်ဆုံးထုတ်ယူခဲ့တဲ့ ကဒ်ကိုသာ အတည်ပြုပြီး ကဒ်အဟောင်းကို ပယ်ဖျက်စာရင်းသွင်းမယ်လို့သိရပါတယ်။

ဒါ့အပြင် အိမ်ထာင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)မရှိသေးသူတွေအနေနဲ့လည်း မြို့နယ် လဝကရုံးတွေမှာ လုပ်ဆောင်နိုင်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မှတ်ပုံတင် #လ၀က

Related posts

Leave a Comment

VOM News

FREE
VIEW