အုတ်တွင်းမှာ မိုးကြိုးပစ်မှုဖြစ်ပွားပြီး ၁၄ နှစ်အရွယ်ကလေးသေဆုံး၊ ကလေး ၂ယောက်လည်းဒဏ်ရာရ

စက်တင်ဘာ ၂၅-၂၀၂၂
VOM (GG)

ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အနီးက လယ်ကွင်းထဲမှာ မနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ကမိုးကြိုးပစ်ခံရပြီး ကလေး တယောက်သေဆုံးကာ ကလေး၂ယောက် မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မိုးကြိုးပစ်ခံရပြီးသေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးဖြစ်ပြီး ကျန်ဒဏ်ရာရရှိတဲ့ ကလေး ၂ယာက်ကတော့ အသက် ၁၃ နှစ်အရွယ်တွေဖြစ်ပြီး အဲ့ဒီအထဲမှာ မသန်စွမ်းကလေးတယောက်ပါဝင်တယ်လို့သိရပါတယ်။

” မနေ့က နေ့လယ် ၃ နာရီ ၄၀ လောက်မှာဖြစ်တာ။လယ်ထဲမြက်ရိတ်နေချိန် မိုးကြိုးပစ်ခံရတာ တယောက်က နေရာမှာပွဲချင်းပြီးသေတယ်၊အလောင်းကလည်း အိမ်မှာပဲပြင်ထားတယ်၊နောက်တယောက်ကဒဏ်ရာရလို့ ဆေးကုနေပေမယ့် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး”လို့ အုတ်တွင်းမြို့နယ် ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

ဒဏ်ရာရသူကလေး၂ယောက်ထဲက တယောက်ကို ကျဲပွဲတိုက်နယ်ဆေးရုံမှာဆေးကုသမှုပေးနေပြီး နောက်တယောက်ဖြစ်တဲ့ မသန်စွမ်းကလေးငယ်ကတော့ ဒဏ်ရာမစိုးရိမ်ရတာကြောင့် နေအိမ်မှာပဲ လို့သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကတော့ သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန် သေဆုံးသူတွေကို ထောက်ပံ့ကြေးငွေအဖြစ် တယောက်ကို ၃သိန်း ၊ ဒဏ်ရာရပြီး ဆေးကုသနေရသူကို ၅သောင်း ကျပ် ထောက်ပံ့ပေးနေကြောင်း၊ နှစ်စဥ်ထောက်ပံ့ကြေးပေးအပ်မှုက သိန်း ၅၀၀ လောက်အထိရှိတယ်လို့သိရပါတယ်။

အခုနှစ်၂၀၂၂ မှာဆိုရင် မြန်မာတနိုင်ငံလုံးအနေနဲ့ မိုးကြိုးပစ်တဲ့ဖြစ်စဥ် ၄၀ ကြိမ်ထက်မနည်းရှိထားပြီး မိုးကြိုးထိမှန်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အုတ်တွင်း

Related posts

Leave a Comment

VOM News

FREE
VIEW