သင်္ဘောသားအားလုံးရဲ့ လစာ‌အပြည့်အ၀ ပြန်လွှဲရမယ့်ကိစ္စနဲ့ သင်္ဘောလိုက်ခွင့် ကန့်သတ်ဖို့ရှိတဲ့ ဂယက်

နေပြည်တော်၊ စက်တင်ဘာ- ၂၈- ၂၀၂၂
KT+ND(VOM)

ပြည်ပရောက်သင်္ဘောသားတွေရဲ့ လစာ‌အားလုံးကို မြန်မာနိုင်ငံအတွင်း ပြန်လွှဲရမှာဖြစ်ပြီး လစာအပြည့်ပြန်မလွှဲတဲ့ သင်္ဘောသားတွေကို သင်္ဘောလိုက်ခွင့်အတွက် ကန့်သတ်သွားမှာဖြစ်တယ်လို့ သင်္ဘောသားလောကမှာ ‌ပြောဆိုနေကြတာ တွေ့ရပါတယ်။

သင်္ဘောသားတွေအနေနဲ့ လစာ အပြည့်အဝပြန်မလွှဲရင် သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် (သင်္ဘော သားပတ်စ်ပို) တွေကို ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ရှိနေပြီး လုပ်ခလစာအားလုံးကို ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းပါမည်ဆိုတဲ့ ခံဝန်ချက်လက်မှတ်ရေးထိုးခိုင်းဖို့ရှိနေတယ်လို့ သင်္ဘောသားအသိုင်းအဝိုင်းရဲ့ မှတ်ချက်တွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကလည်း သင်္ဘောသားလစာအတွက် တစ်ဒေါ်လာကို ငွေကျပ် ၃၀၀၀ ပေးမယ်ဆိုတဲ့ ကြော်ငြာ
မှုတွေရှိနေပြီး တရားဝင်လုပ်ဆောင်ပြီး ငွေလွှဲကြဖို့ တိုက်တွန်းတာတွေလုပ်ဆောင်နေတာတွေ့ရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နစကရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM က ဆက်သွယ်မေးကြည့်တော့

“”အရင်ကန့်သတ်ချက်အတိုင်းပါဘဲ အထူးအထွေမရှိပါဘူး.ပြည်ပအလုပ်သမားတွေဘာလုပ်ရမယ်ဆိုတာ ဗဟိုဘဏ်ကကြေညာထားတာရှိပါတယ်၊ အဲဒီအတိုင်းပြောင်းလဲမှုမရှိပါဘူး”

ကမ္ဘောဇဘဏ်က ပြည်ပအလုပ်အကိုင်သွားရောက်လုပ်ကိုင်နေသူတွေရဲ့ဒေါ်လာတွေကို တစ်ဒေါ်လာ ၃၀၀၀ ကျပ်နဲ့ဝယ်ယူနေတဲ့ကိစ္စ ဆက်မေးကြည့်တော့

“ကျနော်တို့ပြောပြီးသားဘဲ သူတို့ရဲ့လုပ်ပိုင်ခွင့်အရ ဘဏ်ကိုလည်းရောင်းလို့ရတယ်၊လွှဲပြောင်းပေးလို့ရတယ်၊ ပေးချင်တဲ့သူကိုပေးလို့ရတယ်လို့ပြောပြီးသားပါ၊ ဒေါ်လာနဲ့ပတ်သက်ပြီးလွတ်လွတ်လပ်လပ်သုံးစွဲလို့ရတယ် ၊ပုဂ္ဂလိကဘဏ်တွေကကြိုက်စျေးနဲ့ဝယ်လို့ရတယ်၊ဒါပေမယ့်တရားဝင်တော့ မဟုတ်ဘူးပေါ့နော်၊ ဘဏ်ကဝယ်တယ်လို့အမည်ခံချင်မှခံတာလေကြိုက်တဲ့အကောင့်ထဲထည့်လို့ရတယ်။ အပြင်မှာ လွတ်လပ်စွာရောင်းလို့ရတဲ့သဘောပေါ့နော် ဒါကလည်း ဘဏ်တွေရဲ့လုပ်ထုံးလုပ်နည်းအရ ကာယကံရှင်ကကိုယ်တိုင်သုံးလို့ရတယ်၊ပြီးရင်လွှဲပြောင်းပေးလို့ရတယ်၊ဘဏ်ကိုရောင်းလို့ရတယ် ဘဏ်တွေကသူတို့ဝယ်ချင်တဲ့စျေးနဲ့ဝယ်လိုရတယ်။ ဘာမှတော့ပြောစရာအရှိပါကြောင်း ”
ဗိုလ်ချုပ်ဇော်မင်းထွန်းကဖြေပါတယ်။

နိုင်ငံခြားသွားရောက်လုပ်ကိုင်တဲ့မြန်မာတွေအပေါ်လည်း ငွေလွှဲကိစ္စနဲ့ ပတ်သက်လို့ ကန့်သတ်မထားဘူးလို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပင်လယ်ကူးသင်္ဘောသား ၇ သောင်းဝန်းကျင်ရှိပြီး သင်္ဘောသား ၂ သောင်းနဲ့ ၃ သောင်းကတော့ ပြည်ပသင်္ဘော သားအလုပ် လုပ်ကိုင်နေကာ အနည်းဆုံး လစဉ် ဒေါ်လာ သန်း ၃၀ ထက်မနည်း ပြည်တွင်းကို ပို့ဆောင်ပေးနေတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားသင်္ဘောသား #ပြည်ပငွေလွှဲ

Related posts

Leave a Comment

VOM News

FREE
VIEW