နမ့်ခမ်းမြို့မှာ စစ်တပ်အရာရှိတွေ စီးလာတဲ့ကား မီးလောင်လို့ ၃ ဦးသေဆုံး၊ ၁ ဦး ပြင်းထန် ဒဏ်ရာရ

နမ့်ခမ်း၊စက်တင်ဘာ ၃၀၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဟိုနောင် ရပ်ကွက်မှာ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်က စစ်တပ်အရာရှိတွေ စီးလာတဲ့ကား ပေါက်ကွဲ မီးလောင်ကာ ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“၃ ယောက်သေသွားပြီ။ ၁ ယောက်ကဆေးရုံမှာ။ ၂ ယောက် စစ်ဆရာဝန်လို့ သိရတယ်” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

အဲဒီကားမှာ ဗိုလ်ကြီး ၃ ယောက်နဲ့ ဗိုလ်မှူး ၁ ယောက် စီးလာပြီး ဈေးလာဝယ်တာ လို့ စစ်တပ်နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

“ကားက စခန်းသစ်ထဲက မောင်းထွက်လာတာပဲ။ အဲနားရောက်မှ ပေါက်ကွဲသွားတာ။ ဘယ်လိုကြောင့် ဆိုတာတော့ အတိအကျ မသိရသေးဘူး။” လို့ သူက ပြောပါတယ်။

‌ဒေသခံတွေရဲ့ ပြောပြချက်အရ ကားထဲ ဗုံး ပစ်ထည့် ခံရတာ လို့သိရပြီး မည်သည့် အဖွဲ့ က လုပ်သွားကြောင်းကိုတော့ မသိရဘူး လို့ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နမ့်ခမ်းမြို့ထဲ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့တို့ လုံခြုံရေး တင်းကြပ်ထားကြောင်းလည်း သိရပါတယ်။

နမ့်ခမ်းမြို့မှာတော့ ၂၀၂၂ နောက်ပိုင်း မကြာခဏ ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားတတ်ပြီး အဲဒီ ဒေသမှာ စသ်တပ်၊ ပြည်သူ့စစ်၊ PDF, KIA, TNLA, SSPP စတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ လှုပ်ရှားသွားလာတဲ့ နေရာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နမ့်ခမ်း #ကားမီးလောင်
Video, photo Crd# Local

Related posts

Leave a Comment

VOM News

FREE
VIEW