မဏိပူရ် ရဲက အထောက်အထားအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းထား

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

အိန္ဒိယနိုင်ငံ လူဝင်မှုကြီး​​​ကြပ်ရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထား အတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ခရီးသွား နယ်စပ်လမ်းကြောင်းပေါ်ကနေ ဖမ်းဆီးရမိတယ်လို့ မနေ့ စက်တင်ဘာ ၂၉ က မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

” အိန္ဒိယ လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်း အထောက်အထား အတုတွေ ကိုင်ဆောင်ထားလို့ အဖမ်းခံရတာ မြန်မာနိုင်ငံသား ၃ ဦးဖြစ်တယ် ၊အခုလ ၂၈ ရက်က ဖမ်းခံရတာပါ ၊ အဲ့ဒီ မြန်မာနိုင်ငံသား ၃ ဦးက စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ နေတဲ့ ချင်းတိုင်းရင်သားတွေဖြစ်တယ် “လို့ မိုးရေးမြို့မှာ နေထိုင်တဲ့ ကုန်သည် ဦးဂျမားက ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်မှာနေတဲ့ ကိုခိုင်ခန်မွန် Khai Khen Mung (၃၀နှစ်)၊ ကိုဟောင်ကပ်ထောင် Hong Kap Thang ၃၀နှစ်၊နဲ့ အသက် ၁၆ နှစ်အရွယ်ကလေးသူငယ် တယောက်အပါအဝင် သူတို့ ၃ ဦးဟာ ၊ မိုးရေး အင်ဖာလ် ကနေတဆင့် ချာချန်ပူရ် Churachandpuri ခရိုင်ကို သွားတဲ့အခါ မြန်မာနိုင်ငံသား စီစစ်ရေး မှတ်ပုံတင်ကဒ်တွေအပြင် အိန္ဒိယနိုင်ငံသား မှတ်ပုံတင်အတုတွေ ကိုင်ဆောင်ထားတာကို မဏိပူရ်ရဲတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်ကလည်း အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၄ ဦး ၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၃ ရက်က အာသံပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၆ ဦး ဖမ်းဆီးခံရတဲ့အပြင် ၊ အိန္ဒိယ-မြန်မာ မိုးရေးနယ်စပ်နေရာတွေမှာ တယောက်စ ၊ နှစ်ယောက်စ ဖမ်းမိတာလည်း ဆယ်ဂဏန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmarv#VOM #မဏိပူရ် #မြန်မာ၃ဦးဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW