ဘာကီနာဖာဆို စစ်အာဏာသိမ်းခေါင်းဆောင်ကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းမှုဖြစ်ပွား

အူဂါဒူဂူ၊ အောက်တိုဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

ဘာကီနာဖာဆိုနိုင်ငံမှာ စစ်အာဏာသိမ်းခေါင်ဆောင် ပေါလ်ဟင်နရီအမ်မီဘာကို ဖြုတ်ချပြီဖြစ်ကြောင်း စစ်တပ်တာ၀န်ရှိသူတဦးက စက်တင်ဘာ ၃၀ ရက်မှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်ဖြစ်သူ ဒမ်မီဘာဟာ အစ္စလာမ္မစ်စစ်သွေးကြွသူတွေရဲ့ သူပုန်ထမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့် အခုလိုဖြုတ်ချလိုက်တာဖြစ်ကြောင်း ကြည်းတပ်ဗိုလ် အီဘရာဟင်တိုယာအိုရေးက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံနယ်စပ်တွေအားလုံးကို ပိတ်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှကို ပိတ်ပင်တားမြစ်ထားတယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် သူက ကြေညာပါတယ်။

ယခင်အာဏာသိမ်းခေါင်းဆောင် ဒမ်မီဘာကလည်း ဘာကီနာဖာဆိုအစိုးရဟာ အစ္စလာမ္မစ်စစ်သွေးကြွ တွေကို တိုက်ထုတ်နိုင်ဖို့ စွမ်းဆောင်နိုင်ခြင်းမရှိဘူးလို့ အကြောင်းပြကာ ရွေးကောက်ခံအစိုးရကို ဇန်နဝါရီလအတွင်းက ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

သူအုပ်ချုပ်စဉ်အချိန်မှာလည်း အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကို ချေမှုန်းနိုင်ခြင်းမရှိခဲဘဲ ယခုသူအာဏာသိမ်းခံခဲ့ရချိန်မှာလည်း ဒီအကြောင်းပြချက်ကြောင့် အသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

Ref: BBC

#voiceofmyanmar #VOM #ဘာကီနာဖာဆို

Related posts

Leave a Comment

VOM News

FREE
VIEW