မိုးရာသီ စိုက်/ဘဏ် ချေးငွေကို တောင်သူတွေက အရင်လိုမချေးယူတော့

အောက်တိုဘာ ၂ ၊ ၂၀၂၂ SN(VOM) မန္တလေးတိုင်းအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျပ် သန်း ၅၀၀၀ ကျော် လျာထားပေမယ့်လည်း အဲ့ဒီ့လျာထားချက်ကို ပြည့်မီအောင် ချေးယူသူမရှိ ဖြစ်နေတယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကနေ သိရပါတယ်။ အဲ့ဒီ့တိုင်းဒေသကြီးမှာ တောင်သူတွေအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ၅၀၄၀၄ သန်း လျာထားတာဖြစ်ပါတယ်။ ချေးငွေတွေကို ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးနေတာဖြစ်ပြီး ချေးငွေ စုစုပေါင်း ကျပ် ၃၉၇၅၁ ဒသမ ၆၀ သန်း ထုတ်ချေးပေးခဲ့တာဖြစ်လို့ လျာထားချက်ပြည့်မီခြင်းမရှိဘူးလို့ သိရပါတယ်။ “ဘဏ်နဲ့ဝေးတဲ့ရွာတွေက အရင်က ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေက တာဝန်ခံပြီး သွားထုတ်ပေးတာရှိတယ်။ အခုက အဲ့ဒီလိုလုပ်ပေးမယ့် အုပ်ချုပ်မှုအဖွဲ့အစည်းတွေ မရှိတော့တာလည်းပါတယ်။ နောက်ပြီး လယ်ယာစွန့်ပြေးနေရတဲ့သူတွေလည်းရှိပါတယ်။ အခုမြေဆီစျေး၊ သီးနှံစျေးကွက်ပျက်နေတော့ မကိုက်လို့မစိုက်တဲ့သူတွေလည်း များလာတာပါတယ်။ နယ်မြေမအေးချမ်းတော့တာလည်းပါတယ်။ ချေးငွေကို…

Read More

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လူပေါင်း ၃၇ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပစ်သတ်ခံရတဲ့သူ ၃၇ ဦးရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မုံရွာ ၊ ကလေး ၊ ရွှေဘို ၊ ဝက်လက် ၊ ကန့်ဘလူ ၊ စစ်ကိုင်း စတဲ့မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပစ်သတ်ခံရသူ ၃၇ ဦးရှိတယ် ၊ သေဆုံးသူတွေဟာ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ ပါဝင်သလို ၊ ဝန်ထမ်း ၊ စျေးသည် ၊ တောင်သူနဲ့ ရာအိမ်မှူးတချို့ဖြစ်တယ် ၊ ဘယ်သူတွေက ပစ်သတ်တယ်ဆိုတာ အမှုပေါ် ပေါက်တာ အခုထိ မရှိသေးဘူး ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က…

Read More

တိုးမြစ်အတွင်း ရေလမ်းခရီးပိတ်လိုက်လို့ ငါးဖမ်းသူနဲ့ အခြားရေလမ်းအသုံးပြုသူတွေ အခက်အခဲဖြစ်နေ

အောက်တိုဘာ ၊ ၂ -၂၀၂၂ မင်းမြတ်(VOM) ရေလမ်းကနေ အမည်မသိလက်နက်ကိုင်သူတွေဝင်လာနိုင်တဲ့အတွက်ဆိုပြီး ဧရာဝတီတိုင်း မအူပင်မြို့နယ်က(တိုးမြစ်) အတွင်း အလုပ်လုပ်ခွင့်ပိတ်လိုက်တဲ့အတွက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရေလမ်းကြောင်းကို အသုံးပြုနေရတဲ့လုပ်ငန်းရှင်တွေ ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားပြီး အခက်အခဲဖြစ်ပေါ် လာကြတယ်လို့ သိရပါတယ်။ အောက်တိုဘာကနေ နိုဝင်ဘာလ ၁၅ ရက်အထိ ၄၅ ရက်ခန့်ကာလအတွင်း မအူပင်မြို့နယ်က (တိုးမြစ်)ထဲမှာ ငါးဖမ်းတာတွေမလုပ်ဖို့ နဲ့ အမည်မသိလက်နက်ကိုင်သူတွေက အဲ့ဒီရေလမ်းကနေ ဝင်လာနိုင်လို့ဆိုပြီး သက်ဆိုင်ရာက အောက်တိုဘာလ ၁ ရက်ကနေ စတင်တားမြစ်သတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ”အမည်မသိလက်နက်ကိုင်သူတွေက ရေကြောင်းက လာမယ်ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက်ပိတ်တာပဲ ၊ ငါးမဖမ်းဖို့ ပိတ်ရက်က အရမ်းများလွန်းတယ် ၊အကြမ်းဖက် သမားတွေကဝင်လာမယ် ရေလမ်းကဆိုတဲ့ ကိစ္စက မသေချာတဲ့ကိစ္စကြီး ၊ အခုတောင် ဒုက္ခစရောက်နေပြီ၊ တိုးမြစ်ထဲမှာ ငါးဖမ်းတဲ့အလုပ်က…

Read More

အင်ဒိုနီးရှား ဘောလုံးပွဲစဉ်တခုမှာ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၁၂၉ ဦးသေဆုံး

ဂျကာတာ၊ အောက်တိုဘာ-၂-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ ဘောလုံးပြိုင်ပွဲတပွဲမှာ အားပေးသူပရိတ်သတ်အချင်းချင်း အဓိကရုန်းတွေဖြစ်ပွားမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲပြီးနောက် လူအုပ်ပြိုကျမှုကြောင့် လူ ၁၂၉ ဦးသေဆုံးသွားပါတယ်။ အရှေ့ဂျာဗားဒေသ Arema FC ဘောလုံးအသင်းက ပြိုင်ဘက် Persebaya Surabaya အသင်းကို ရှုံးနိမ့်ပြီးနောက် ပရိတ်သတ်အချင်းချင်း ပဋိပက္ခဖြစ်ပွားမှု ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုနဲ့ လူအုပ်ပြိုကျမှုတွေကြောင့် လူ ၁၈၀ ကျော်လည်း ဒဏ်ရာရရှိသွားပါတယ်။ ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာ နှစ်ဘက်ပရိတ်သတ်တွေဟာ ကွင်းထဲကို ပြေး၀င်သွားခဲ့ပြီး နှစ်ဘက်အချင်းများခဲ့ကြောင်း၊ အဲဒီနောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ရာ လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ အရှေ့ဂျာဗားရဲချုပ် နီကိုအဖင်တာက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ရဲနှစ်ဦးပါ၀င်ပြီး ပဋိပက္ခတွေအတွင်း ဘောလုံးကွင်းထဲမှာတင် လူသုံးဆယ့်လေးယောက်သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ပဋိပက္ခဖြစ်ပွားချိန်မှာ ထွက်ပေါက်တခုတည်းကို လူတွေပြုံတိုးထွက်တာကြောင့် လူအုပ်ပြိုကျပြီး အသက်ရှူကြပ်သေဆုံးတာတွေရှိတယ်လို့ ရဲချုပ်ကပြောဆိုပါတယ်။…

Read More

ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေး မြင့်တက်နေလို့ လာမယ့်နှစ်မှာ စပါးစိုက်သူနည်းပြီး ဆန်ဈေးမြင့်တက်လာဖွယ်ရှိ

အောက်တိုဘာ ၂-၂၀၂၂ SN (VOM) လက်ရှိဈေးကွက်အတွင်း ဓာတ်မြေဩဇာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် လာမယ့်နှစ်မှာ စပါးစိုက်ပျိုးသူနည်းပြီး ဆန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စပါးစိုက်တောင်သူတွေဆီက သိရပါတယ်။ ဓာတ်မြေဩဇာဈေးနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ထုတ်လုပ်မှုစရိတ်တွေလည်း မြင့်တက်နေပြီး လယ်တစ်ဧကကို စိုက်ပျိုးစရိတ် ငါးသိန်းနီးပါး ရှိလာတယ်လို့ ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတဦးက ပြောပါတယ်။ “အခု မြေဆီဈေးက၊ သုံးဆလောက်တက်သွားတယ်။ စက်သုံးဆီဈေးက မတရားတက်တယ်ဆိုတော့ စပါးစိုက်တောင်သူ တော်တော် အခက်ခဲဖြစ်နေတယ်။ လယ်တစ်ဧကကို အရင်းတင် ၅သိန်းရှိတယ်။ ဆန်ဈေးတွေတက်လို့်လည်း လယ်သမားတွေ အဆင်မပြေပါဘူး။ မြေဆီဖိုး၊ လယ်ထွန်ခ၊ ရိတ်သိမ်းခ၊ အလုပ်သမားခတွေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရတာနဲ့ ဒီလိုပုံစံအတိုင်းပဲ ဆက်သွားမယ်ဆိုရင် လာမယ့်နှစ်မှာ လယ်သမားတွေ စပါးမစိုက်နိုင်လောက်တော့ဘူး” လို့ ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားတဦးက ပြောပါတယ်။ ယခုနှစ်မှာ မိုးစပါးစိုက်ပျိုးထားပြီး စပါးပေါ်ချိန် ဈေးကောင်းမရရှိပါကလည်း လာမယ့်နှစ်…

Read More
VOM News

FREE
VIEW