အင်ဒိုနီးရှား ဘောလုံးပွဲစဉ်တခုမှာ ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၁၂၉ ဦးသေဆုံး

ဂျကာတာ၊ အောက်တိုဘာ-၂-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ဘောလုံးပြိုင်ပွဲတပွဲမှာ အားပေးသူပရိတ်သတ်အချင်းချင်း အဓိကရုန်းတွေဖြစ်ပွားမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲပြီးနောက် လူအုပ်ပြိုကျမှုကြောင့် လူ ၁၂၉ ဦးသေဆုံးသွားပါတယ်။

အရှေ့ဂျာဗားဒေသ Arema FC ဘောလုံးအသင်းက ပြိုင်ဘက် Persebaya Surabaya အသင်းကို ရှုံးနိမ့်ပြီးနောက် ပရိတ်သတ်အချင်းချင်း ပဋိပက္ခဖြစ်ပွားမှု ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုနဲ့ လူအုပ်ပြိုကျမှုတွေကြောင့် လူ ၁၈၀ ကျော်လည်း ဒဏ်ရာရရှိသွားပါတယ်။

ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာ နှစ်ဘက်ပရိတ်သတ်တွေဟာ ကွင်းထဲကို ပြေး၀င်သွားခဲ့ပြီး နှစ်ဘက်အချင်းများခဲ့ကြောင်း၊ အဲဒီနောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ရာ လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ အရှေ့ဂျာဗားရဲချုပ် နီကိုအဖင်တာက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ရဲနှစ်ဦးပါ၀င်ပြီး ပဋိပက္ခတွေအတွင်း ဘောလုံးကွင်းထဲမှာတင် လူသုံးဆယ့်လေးယောက်သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ပဋိပက္ခဖြစ်ပွားချိန်မှာ ထွက်ပေါက်တခုတည်းကို လူတွေပြုံတိုးထွက်တာကြောင့် လူအုပ်ပြိုကျပြီး အသက်ရှူကြပ်သေဆုံးတာတွေရှိတယ်လို့ ရဲချုပ်ကပြောဆိုပါတယ်။

Ref: BBC
Photo:AFP

#voiceofmyanmar #VOM #အင်ဒိုနီးရှားဘောလုံးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW